[Zawgyi]
Next Step 🐲💙🐼Extra Final Part (3) Third Step
အကလေ့ကျင့်နေတဲ့ အခန်းထဲကို နောက်ဆုံးမှ ရောက်လာသော Seungri ထံ အားလုံးရဲ့အကြည့်တွေက ဒိုင်းခနဲဖြင့်။
" Ri လာခဲ့ မင်းကို အားလုံးစောင့်နေကြတာ..."
ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် Concert တစ်ခုဖြစ်တဲ့ Love & Hope (ချစ်ခြင်းနဲ့ မျှော်လင့်ချက်) ဆိုသော အဓိပ္ပါယ်လှလှလေးပေးထားတဲ့ ဖျော်ဖြေပွဲ တစ်ခုမို့ အားလုံးလည်း အလုပ်များနေကြရတယ်။
အငယ်ဆုံးလေးက အချိန်ကို မလေးစားဖူးလားလို့ အများက တွေးထင်နေကြပုံပေါ်ပေမယ့် Leader ကြီး ကိုယ်တိုင်က လေသံပျော့ပျော့ဖြင့်သာ လှမ်းခေါ်ယူလိုက်တာကြောင့် ဘယ်သူမှ အတွန့်မတက်ရဲကြပေ။
ဂျပန်နိုင်ငံမှာ မိတ်ဆွေအပေါင်းအသင်း အတော်အသင့်ရရှိလာပြီဖြစ်တဲ့ Seungri မှာ ထိုမိတ်ဆွေတွေနဲ့ စကားလက်ဆုံကျနေသဖြင့် ယနေ့ ပွဲစဉ်အတွက် အကတိုက်ရမယ့်အချိန်ကို နောက်ကျသွားခဲ့ခြင်းဖြစ်သည်။
Jiyong Hyung က အနားကို ခပ်ဖြည်းဖြည်း တိုးကပ်လာရင်း...
" Ri မင်းနောက်တစ်ကြိမ် နောက်မကျနဲ့ကွာ... ငါမကြိုက်ဖူးနော် "
Hyung က Seungri နဲ့ပတ်သက်လာလျှင် သူသာ ဆူချင်ဆူမည်။ အခြားသူတွေက မိမိအား မကောင်းပြောသည့်စကားတစ်ခွန်းတလေကိုမျှ အပြောမခံတတ်သူမို့ ခပ်တိုးတိုး လာသတိပေးလို့နေပြန်ဧ။်။
" အာ့ ဟုတ်ကဲ့ပါ Hyung "
Hyung ရဲ့ တင်းမာနေတဲ့ မျက်ဝန်းညိုက တဖြည်းဖြည်း နူးညံ့တဲ့အသွင်သို့ ပြောင်းလဲသွားပြီး...
" ထားပါတော့... လာ အကတိုက်ရအောင် "
ဒီတခေါက်ပဲ လျှော်ပေးလိုက်တယ်ဆိုသော Hyungရဲ့ အဓိပ္ပါယ်ပါပါ အကြည့်က နူးညံ့တဲ့မျက်ဝန်းညိုထဲ ယှက်ပြေးနေသေးဧ။်။
Leader Kwon ရဲ့ စိတ်အလိုမကျမှုတွေက သိပ်မကြာလိုက်ပါဘူး။ ခဏကြာလေတော့ Seungri ဧ။် ကကွက်တွေကိုကြည့်ပြီး တလက်ဆက် ရယ်မောနေပြန်ပြီလေ။ မျက်စိအောက်က အပျောက်မခံတဲ့အထိ လိုက်ကြည့်တယ်။ သည်းသည်းလှုပ်ပြတယ်။ အခြားဝန်ထမ်း တွေတောင် G dragon က သူ့အငယ်လေးကို သိပ်ချစ်ရှာတယ်ပဲလို့ ပြောနေကြသည်အထိ။
YOU ARE READING
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfiction#Nyongtory #Bigbang #Gri #suyihan