Next Step 🐲💙🐼 Part (6)

193 13 0
                                    

Next Step 🐲💙🐼

Episode (6) Deeply ❤💙

Hyung နဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်း စိတ်အလိုလိုက်မိရင်း စည်းကမ်းချက်တွေကို ဖောက်ဖျက်တတ်နေခဲ့ပြီ...

ကျွန်တော့် ဘေးပတ်လည် ဘယ်နေရာကိုပဲကြည့်ကြည့် Hyungရဲ့ နွေးထွေးကြင်နာတဲ့ အပြုံးတွေသာ ထင်ဟပ်နေတာမို့...

ကျွန်တော့်ကံကြမ္မာဟာ Hyung ရဲ့ မျက်နှာမှာ ကဗျည်းရေးထိုးသလို...

နတ်သားတစ်ပါးလို ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေတဲ့ G-dragon ရဲ့ လောင်းရိပ်အောက်မှာ ခိုလှုံနေရတဲ့ ခံစားချက်က ကျွန်တော့်အတွက် သိပ်လုံခြုံတာပဲ...

ချစ်တဲ့အကြောင်းတွေ ထုတ်ဖော်ပြောနေပေမယ့်... ဒီစကားလုံးတွေထက် ပိုတဲ့အချစ်တွေက ရင်ထဲအပြည့်ပါဗျာ...

ကျွန်တော် သိပ်ချစ်တာ သိတဲ့တနေ့မှာ အနိုင်မယူဖို့ပဲ မျှော်လင့်မိတယ်...

Hyung ကိုချစ်တဲ့ ကျွန်တော်က ထာဝရ Fan Boy လေးပေါ့ဗျာ...

👑❤👑💙👑 Censors 🔞

ညက အိပ်ရာဝင်နောက်ကျလွန်းတာမို့ မနက်(၁၀)နာရီဝန်းကျင်လောက်မှ Jiyong နှိုးလာလေဧ။်။

မိမိဘေးမှ မွေ့ယာထက်ရှိ နေရာကွက်လပ်အား လက်ဖြင့်စမ်းမိတော့ အေးစက်စပြုနေလေပြီ။

အကြောဆန့်လိုက်ပြီးနောက် အိပ်ရာထက်မှ လူးလိမ့်ထလိုက်ရင်း အိပ်ခန်းအပြင်ကို ထွက်လေတော့ မီးဖိုချောင်၌ အလုပ်ရှုပ်နေသော အငယ်လေးကို မြင်ရသဖြင့် ခြေလှမ်းတို့ကို ခပ်ဖွဖွနင်းလျှောက်ကာ ထိုကလေးဧ။် အနောက်မှ သိုင်းဖက်လိုက်သည်။

" Omma (အွန်မား...) "

ယောင်တာလေးကိုက ချစ်ဖို့သိပ်ကောင်းတဲ့ ကိုယ့်ကလေးလေး...။

သူ့ပခုံးထက် မေးတင်မှီပြီးနောက် လည်ပင်းမှ သွေးကြောလေးကို အသာနမ်းရှုံပစ်လိုက်ရင်း...

" Ri... မနက်စာ ဘာလုပ်နေလဲ..."

" အိုပါး... လူကို လန့်အောင်လုပ်တယ်ဗျာ... ပေါင်မုန့်ထဲ ညှပ်စားဖို့ ကြက်ဥကြော်နေတာ...ကျွန်တော့်ကို ရေခဲသေတ္တာထဲက နို့စိမ်းဘူးလေး ယူပေးပါလား..."

Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode Onde histórias criam vida. Descubra agora