Next Step 🐲💙🐼
Episode (21) Smile 💙😊
Jiyong တစ်ယောက် မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကို ခဏတာ ကြောင်ကြည့်နေပြီးမှ သတိပြန်ဝင်လာသူပီပီ။
" Lee Seungri ဒီမှာ သောက်စရာတွေဝယ်လာတယ် လာကူသယ်ဦး..."
မိမိအသံတွင် သဝန်တိုနေခြင်းထက် ဒေါသသံကပိုကဲနေသည်မို့ Seungri ကပင် မျက်လုံးအဝိုင်းသားဖြင့် လက်ထဲမှ သဘက်ကို သူ့ပခုံးထက်သို့ လွှားတင်လိုက်ပြီး အပြေးလေးလှမ်းလာကာ Jiyong လက်ထဲမှ ဝိုင်ပုလင်းများနှင့် ရှန်ပိန်ပုလင်းများအနက် ပုလင်းအချို့ကို ဝိုင်းကူ သယ်ပေးလေသည်။
စီနီယာ Se7en ရောက်ရှိနေမှန်းသိသော်လည်း စိတ်မကြည်မလင်ဖြစ်နေသဖြင့် ခေါင်းတချက်သာ ညိတ်ပြနှုတ်ဆက်လိုက်မိဧ။်။
" Hyung ရောက်နေတာကြာပြီလား... အငယ်လေး မွေးနေ့ကို လာပေးလို့ ကျေးဇူးနော် Hyung... "
မွေးနေ့ပွဲသို့ စီနီယာကို ဖိတ်ကြားသူမှာ အားပါးတရပြုံးရင်း ကျေးဇူးတင်စကားဆိုလေသူ Young Bae မှန်း သိလိုက်ရသဖြင့် Jiyong နဂါးမျက်စောင်းထိုးလိုက်လေတော့ သူက ဘာလဲဟူသော ပုံစံဖြင့် မိမိအား မေးငေါ့ပြနေသေးသည်။
: နေနှင့်ဦးပေါ့ သစ္စာဖောက် သူငယ်ချင်းကြီးရေ... ပွဲပြီးမှ တွေ့မယ်... :
လောလောဆည်တွင် စိတ်ထဲကနေပဲ ကြုံးဝါးလိုက်ပြီး Seungri ရဲ့မွေးနေ့ပွဲ စတင်နိုင်ရန်သာ အာရုံစိုက် ပြင်ဆင်လိုက်တော့သည်။
Jiyong ကိုယ်တိုင် ဒီဇိုင်းရွေးချယ် မှာယူပေးထားသော ပန်ဒါအရုပ်ပုံကိတ်မုန့်လေးကို ရောင်စုံဖယောင်းတိုင်မီးများ ထွန်းညှိလိုက်ပြီး ဧည့်ခန်းထဲရှိ ဆိုဖာတွင် အခန့်သားထိုင်နေသော မွေးနေ့ရှင် Seungri ဆီသို့ ယူဆောင်လာခဲ့လိုက်ဧ။်။
တက်ကြွပျော်ရွှင်နေသော မိမိချစ်ရတဲ့ Seungri ဧ။် ကြည်နူးရိပ်လွှမ်းနေတဲ့မျက်ဝန်းမှာ မျက်ရည်များပင်စို့လျက်။
Seungri ဧ။် မျက်ကွင်းညိုညိုလေးကြောင့် သူ့အား ပန်ဒါနဲ့တူသည်ဟု အားလုံးက ချစ်စနိုးပြောကြသည်လေ။ ထိုအတွေးမျိုး Jiyong လည်း တွေးတောမိသည့်အတွက် ပန်ဒါအရုပ်ပုံလေးကို မှာယူထားမိရာ ကိတ်မုန့်ကိုမြင်သည်နှင့် အူးယားစရာကောင်းစွာ ပြုံးရယ်နေသော Seungri ဧ။် အပြုံးတွေက တောက်ပလွန်းနေဧ။်။
YOU ARE READING
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfiction#Nyongtory #Bigbang #Gri #suyihan