Next Step 🐲💙🐼
Episode (22) Tonight 🖤
Censor 🚨🚨🚨မဟူရာကဗ္ဗလာ ကောင်းကင်ထက်မှာ ပြိုးပြက်ပြက်လက်နေတဲ့ စိန်ပွင့်သဏ္ဍာန်ကြယ်လေးတွေ ခြယ်မှုန်းစီရီထားလေပြီ။
စီနီယာကို နှုတ်ဆက်ပြီးနောက် တိုက်ခန်းပေါ်ပြန်လည်တက်ရောက်နေစဉ် စိတ်ကြည်နူးနေသော ခံစားချက်ကြောင့် လေတချွန်ချွန်ဖြင့် လှေကားနှစ်ထစ်လောက်ကို ပျော်ရွှင်ပေါ့ပါးစွာ ကျော်ခွတက်လိုက်ပြီး လှေကားထောင့်ချိုးအကွေ့တွင် ရုတ်တရက်မို့်...
" အ မေ့ "
မူးယစ်ရီဝေနေသောမျက်ဝန်းညိုတစ်စုံနှင့် လက်ပိုက်လျက် အနေအထားဖြင့် မိမိကို ရပ်ကြည့်နေသည့် Leader Kwon ကြောင့် Seungri လန့်ဖြန့်သွားမိတာ အမှန်ပေ။
" တော်တော်ပျော်နေတာလား..."
ထမင်ရွဲ့ပြီးမေးမြန်းနေသလားဟု ထင်ရပေမယ့် အမူအရာက တည်တည်တံ့တံ့ပုံစံပေါ်နေသဖြင့် Seungri မှာ ကိုယ့်ဘာသာ မလုံမလဲဖြစ်နေပြီး...
" အင်း ပျော်ပါတယ် Hyung... မအိပ်သေးဘူးလား လာလေ အထဲ အတူဝင်ကြရအောင်..."
G-dragon က လက်ပိုက်ကာ ရပ်ကြည့်နေဆဲမို့ သူ့လက်မောင်းကို Seungri လှမ်းချိတ်လိုက်ရင်း တိုက်ခန်းထဲသို့် အတင်းခေါ်ဆောင်လေတော့မှ မိမိနှင့်အတူ ပြန်ပါလာသည်။
ဘာစကားမျှမပြောပဲ Seungri ကိုသာ စူးစူးစိုက်စိုက် ကြည့်နေတဲ့ G-dragon ကြောင့် Seungriမှာ နေရထိုင်ရခက်နေမိကာ...
" Hyung ဘာတွေ ဒီလောက်စိုက်ကြည့်နေတာလဲ... အိပ်တော့လေ ပင်ပန်းနေပြီမလား ကျွန်တော် အိပ်ရာပြင်ပေးမယ် "
အခန်းတံခါးဝမှာ မလှုပ်မယှက်ရပ်ကြည့်နေတဲ့ Leader Kwon က အိပ်ရာပြင်ပေးနေသော Seungri ဧ။် နောက်ကျောဘက်မှ ရုတ်တရက်သိုင်းဖက်လိုက်ပြီး ပခုံးပေါ် မေးတင်လျက် လည်ပင်းမှ သွေးကြောစိမ်းစိမ်းလေးကို အသာနမ်းစုပ်လာသဖြင့်...
" Hyung အတော်လေး မူးနေပြီထင်တယ်... "
ဟု Seungri ရှက်ကိုးရှက်ကန်း ဆိုလေတော့ Leader ကြီးက သူ့အနမ်းတွေကို လည်ပင်းမှတဆင့် နားရွက်ဖျားအထိ ရွေ့လျားရင်း နမ်းရှုံ့နေသည်မို့ ရင်တွေ တဒိန်းဒိန်းခုန်လာလေတော့သည်။
ESTÁS LEYENDO
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfic#Nyongtory #Bigbang #Gri #suyihan