Next Step 🐲💙🐼 Part (23)

142 16 0
                                    

Next Step 🐲💙🐼 (Zawgyi)

Episode (23) Heart ❤

" Hyung မြန်မြန်လာ လေယာဉ်မမှီပဲ နေဦးမယ်..."

အငယ်လေးရဲ့ ဆော်သြသံကြောင့် Jiyong အပြေးလေး လျှောက်လှမ်းရင်း ဘေးမှ နှုတ်ဆက်ရန် ရောက်ရှိနေသော ပရိသတ်အချို့ကို လက်ပြနှုတ်ဆက်လိုက်မိသည်။

လေယာဉ်ပေါ်သို့ရောက်ရှိတော့ အငယ်လေးဧ။် ခုံနံပတ်က Dae Saung၊ Young Bae တို့နဲ့ ကပ်ရပ်ဖြစ်နေတာမို့ Jiyong တစ်ယောက် ဆူပုတ်ပုတ်မျက်နှာထားဖြင့် Top ဘေးမှ မိမိနေရာသို့ ဝင်ထိုင်လိုက်ရဧ။်။

" Jiyong ငါလည်း မင်းနဲ့အတူ မထိုင်ချင်ပါဘူးနော် မင်းမျက်နှာက မအီမသာနဲ့..."

Top Hyung က ပြောရင်းနဲ့ အနောက်ဘက်ခုံမှ Young Bae နဲ့ အငယ်နှစ်ယောက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေသဖြင့်...

" Dae Saung ကို ​မေးချင်နေတာကြာပြီ ဒါ​ပေမယ့် Top Hyung ကိုပဲ မေးလိုက်တော့မယ် မနက်အိပ်ရာထဖို့် နိုးရခက်တဲ့ Hyung ကို အငယ်လေး မွေးနေ့က Dae Saung တစ်ယောက် ဘယ်လိုနည်းလမ်းမျိုးနဲ့ နှိုးလိုက်တာလဲ "

Jiyong က ရိုးရိုးသားသားသိချင်ရုံ မေးမြန်းသည်ကို Top က မျက်နှာတစ်ခုလုံး နီမြန်းသွားလေပြီး ပုံမှန်ထက် တိုးဖျော့သောလေသံဖြင့်ဆိုကာ...

" ဘယ်လို ဆန်းပြားတဲ့ နည်းလမ်းမှ မရှိပါဘူး ဒီအတိုင်းပဲ  *Hyung အိပ်ရာထတော့လေ* ဆိုပြီး ငါ့နဖူးကို သူ့လက်ချောင်းလေးတွေနဲ့ လာထိပြီး နှိုးပေးတာပါ... ဒါနဲ့  ငါ Dae Saung ကို သဘောကျနေတာ မင်းမသိဖူးလား Jiyong "

" ဗျာ... Hyung တကယ်ကြီလား"

Jiyong ဧ။် အသံကျယ်သွားသဖြင့် Top က အနောက်ခုံမှ သုံးယောက်သား သူတို့စကားသံကို ကြားသွားမည်ကို စိုးရိမ်ပူပန်နေသော အမူအရာနဲ့ တစ်ချက်လှည့်ကြည့်လေပြီးမှ မိမိဧ။် လက်မောင်းကို လှမ်းဆုပ်ကိုင်ရင်း...

" ငါ အခုပြောတဲ့ကိစ္စတွေကို မင်းလျို့ဝှက်ထားပေးနော် Jiyong "

Kwon Jiyong ကိုမှ ရွေးပြီး ရင်ဖွင့်လေသူ Top ဧ။် အတွေးကို တသြတအံ့ပင် ဖြစ်ရပြီး ခေါင်းအသာညိတ်ပြလိုက်တော့ တစ်သက်နဲ့တစ်ကိုယ် Jiyong တစ်ခါမျှ မမြင်ဖူးသော ရှက်ကိုးရှက်ကန်း မျက်နှာထားနဲ့ Topက အချစ်ပင်လယ်ပြင်ကျယ်ထဲ ကူးခတ်နေသည့်အလား...

Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode Onde histórias criam vida. Descubra agora