Next Step 🐲💙🐼
Episode (10) Third Star ⭐
Ri... မင်းမရှိဘဲ ရှင်သန်နေရတာ အမှောင်ထဲ စမ်းတဝါးဝါးသွားနေရတဲ့ ညတာရှည်တစ်ခုလိုပဲ...
ကိုယ့်ကို မင်းအရမ်းလွမ်းနေမယ်ဆိုတာ သိသိရက်နဲ့ မင်းမရင့်ကျက်သေးဘူးဆိုတာလည်း သိရက်နဲ့... ကိုယ့်ကို နားလည်ပေးမှာပဲလို့ ထင်လိုက်မိတဲ့ အတွေးတွေကြောင့် ကိုယ်မှားမှန်း သိပါပြီ...
မျက်ရည်လွယ်တဲ့သူမဟုတ်လို့ ကိုယ့်ကို စိတ်မာတဲ့သူကြီးလို့ မထင်လိုက်ပါနဲ့... ကိုယ့်နှလုံးသားရပ်ဝန်းမှာ မျက်ရည်တွေ ကြွေခနေတာ ကိုယ်သာ အသိဆုံးမို့...
အသားကုန် ဟစ်ကြွေးပြီး ပြောပြလိုက်ချင်တယ်...Ri ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်းကိုသာ အချစ်ဆုံးပါ...
မင်းနဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို အပြန်အလှန် နားလည်လာမယ့်အချိန်ဟာ အရမ်းကြီး နောက်မကျသွားဖို့ပဲ ကိုယ်ဆုတောင်းနေမိတော့တယ်...
စားလက်စ ထမင်းတွေလည်း အေးစက်လို့နေခဲ့ပြီ။ Jiyong တစ်ယောက် သက်ပြင်းကိုသာ ထပ်ခါထပ်ခါ ချလိုက်ပြီး ထိုအခန်းထဲမှ ပြန်ထွက်လာခဲ့လေတော့...
" Jiyong..."
" အော်...Bae..."
ပြန်လည်နှုတ်ဆက်လိုက်သည့် စကားသံက အသက်ကင်းမဲ့စွာဖြင့်။
" မင်း အငယ်လေးနဲ့ စကားပြောပြီးပြီလား... အခြေအနေကောင်းလား Jiyong..."
Jiyong ခေါင်းကို တွင်တွင်ခါယမ်းလိုက်ပြီး သူငယ်ချင်းဖြစ်သူအား ခပ်ထွေထွေကြည့်လိုက်ရင်း...
" အဆင်မပြေသေးဘူး... အငယ်လေးက ဒီတခါ ငါ့ကို အတော်လေး စိတ်ဆိုးနေတယ် ထင်တယ်... ဒါမှမဟုတ် ငါ့ကို ကြောက်လန့်သွားတာလား..."
Jiyongမှာ ပြောရင်း သူ့ဘာသာ မေးခွန်းပြန်ထုတ်နေသော စကားသံတွေကြောင့် Young Bae က ...
" ဟေ့ Jiyong...မင်း အခုလောလောဆည် စိတ်ကို အေးအေးထားစမ်းပါ... Solo Album ကိစ္စရော နောက်ပြီး ဂျပန်ကိုလည်း သွားရတော့မယ်... မင်း ယိုင်လဲသွားလို့မဖြစ်ဘူးနော်... အငယ်လေးကို ငါလည်း ပြောပေးပါ့မယ်ကွာ..."
ESTÁS LEYENDO
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfic#Nyongtory #Bigbang #Gri #suyihan