[Zawgyi]
Next Step 🐲💙🐼Episode (5) Just our feelings ❤💙
: သိရဲ့လား Ri... မင်းလေးကိုတွေ့ရဖို့ အိပ်မက်ထဲထိ မိုင်ထောင်ချီဖြတ်သန်းခဲ့ရတယ်ဆိုတာ...
အနားမှာမြင်တွေ့နေတာတောင် ကိုယ့်အိမ်မက်ထဲမှာ ဘာလို့များ အလှမ်းဝေးကွာနေရတာလဲ...
အပေါ်ယံအမြင်မှာ ကိုယ်ဟာ ကျောက်သားလို ခိုင်ခံ့ကောင်းခိုင်မာနေမယ် ဒါပေမယ့်ကိုယ့်နှလုံးသားက ဖန်သားထုထည်လို အစိတ်စိတ်အမွှာမွှာ ကွဲကြေလွယ်တယ်ဆိုတာ မင်းသိပါ့မလား...
Kwon Jiyong က မင်းအတွက်ဆို အသွေးအသားထဲကအထိ ရူးသွပ်နေရတဲ့ အချစ်ရူးကြီးတစ်ယောက်ပါ...
ငယ်ရွယ်သေးတဲ့ Ri... မင်းဒါကို မြင်တွေ့ပါ့မလား....:
Jiyong မှာ အိပ်စက်နေတဲ့ အငယ်လေးရဲ့ နဖူးထက် ဝဲခိုနေဆဲ ဆံနွယ်စလေးများကို အသာအယာသပ်တင်ပေးလိုက်ရင်း...
" မင်းကို မြင်တိုင်း ရင်ခုန်ရတယ် Ri... ၊ မင်းအကြောင်းတွေးတိုင်း ကြည်နူးရတယ်... ကိုယ်နဲ့မင်းသာ ဒီလိုတွေ့ဆုံမှုမရှိခဲ့ရင် အခုချိန်ဆို ကိုယ် ဘယ်လောက်တောင် အထီးကျန်နေမလဲ မတွေးတတ်တော့ဘူး..."
ချစ်ခြင်းအပြည့်ဖြင့် သူ့ပါးပြင်ထက်သို့ အကြင်နာတစ်ပွင့် ခြွေချမိလိုက်တော့ ရင်ခုန်သံတွေက အရင်ကထက် မြန်ဆန်လာဧ။်။
ရင်ခွင်ထဲသို့ အိပ်ပျော်နေသော အငယ်လေးကို ထွေးပိုက်ထားကာ သူဘာကြောင့် ချစ်မိနေလဲဆိုသည့်အကြောင်းကို ထပ်မံတွေးတောမိတော့...
ချစ်စရာကောင်းလွန်းတယ်...ဒါအမှန်ပဲလေ....
အပြစ်မမြင်ရက်အောင် ရန်တွေ့တတ်တဲ့ စွာတေးလန်လေး...
ဘာလုပ်လုပ် ထူးချွန်လွန်းတဲ့ သူ့အငယ်လေး....
ဘယ်တော့မဆို ယုံကြည်မှုရှိတဲ့ ကောင်ငယ်လေး...
ပတ်ဝန်းကျင်က အရောင်ဆိုးခံရမှာကို တွေးပူရတဲ့အထိ သူ့စိတ်နှလုံးသားက အဖြူထည်လေး...
သူ့နှလုံးသားဆီရောက်အောင် လွယ်လွယ်ကူကူ ချဉ်းကပ်လို့မရတဲ့ လူသားလေး...
အသေးအမွှားကိစ္စလေးတွေကအစ ကိုယ့်အပေါ် ဂရုစိုက်ပေးတတ်တဲ့ကောင်လေး...
BINABASA MO ANG
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfiction#Nyongtory #Bigbang #Gri #suyihan