Next Step 🐲💙🐼
Episode (11) Zombie Boy 💀
အသက်မဲ့သော ခြေလှမ်းတို့ဖြင့် Seungri ရှိနေမည့် အခန်းတံခါးဝသို့ မမျှော်လင့်ပဲ ရောက်ရှိလာခဲ့သည်။
အခန်းဧ။် တံခါးအပေါ်ပိုင်းမှာ မှန်တစ်ဝက်ကာထားသည့်မို့ အနီးကပ် ကြည့်လျှင် အတွင်းသို့ ဝိုးတိုးဝါးတား အရိပ်အယောင် လှုပ်ရှားမှုကို မြင်ရသဖြင့် တံခါးအနားသို့ Jiyong တိုးကပ်လိုက်ဧ။်။
မှန်နဲ့ မိမိမျက်နှာထိကပ်ကာ ကြည့်မိလေတော့ အခန်းအတွင်း၌ အရှေ့မှ ဦးဆောင်ကာ လှပသေသပ်သော ကကွက်ဆန်းများဖြင့် ကပြနေသည့် စီနီယာ Se7en ကိုတွေ့ရလေပြီး သူ့အနောက်၌ မိမိချစ်ရသော ကလေးငယ်။
အကနှင့်ပတ်သက်လျှင် ဝါသနာကြီးလွန်းသည့် အငယ်လေးမှာ တက်တက်ကြွကြွပင် ကကွက်များကို သင်ယူလို့နေလေသည်။
သူဌေး Yang ထံမှ အကထက် အဆိုပိုင်းကျွမ်းကျင်သူကို လိုက်ချင်သည်ဟု ပြောလိုက်ကတည်းက အငယ်လေးက သူ အားလပ်သည့်အချိန်တိုင်း အသံပိုင်းကိုသာ ဦးစားပေးလေ့ကျင့်နေသည်မို့ သူထူးချွန်ခဲ့ဖူးသော အကပညာရပ်၌ အားနည်းသွားမည်ကို Jiyong တွေးရင်း စိတ်ပူနေခဲ့မိတာ အခုလို အချိန်ပေး၍ တကူးတက သင်ကြားပေးမည့် စီနီယာကြောင့် ကျေးဇူး တင်ရမလို့ပင်။
မိမိမှာလည်း Schedule အပြည့်ဖြင့် မအားလပ်သည်က များသောကြောင့် အငယ်လေးကို ဂရုမစိုက်နိုင်သည်မှာ အမှန်ပင်။
Se7en Hyung အား မိမိအချစ်ရေး၌ ပြိုင်ဖက်တစ်ဦးလို သဘောထားမိသော်လည်း တစ်ဖက်က လေးစားရသောခံစားချက်တို့ကို မေ့ပစ်လို့မရသဖြင့် သူတို့်နှစ်ဦးအား အပြင်မှတဆင့် ချောင်းကြည့်ခြင်းသာ တတ်နိုင်ပေလိမ့်မည်။
: G-dragon... မင်းလို အချေကောင်၊ ဘာကိုမှ ဂရုမစိုက်တဲ့လူက အခုတော့ လိုက်ချောင်းနေရတဲ့အပြင်... မြင်တော့လည်း ဘာမှမပြောနိုင်၊ မလုပ်တဲ့ အခြေအနေဖြစ်နေပြီလား... မင်းမဟုတ်တဲ့အတိုင်းပဲကွာ...:
ထူးထူးခြားခြား အပြစ်ဆိုဖွယ် ကိစ္စမပါရှိပဲ အကလေ့ကျင့်နေသော သူတို့အား Jiyong ဘက်မှ ဘာများပြောနိုင်ဦးမည်နည်း။
ESTÁS LEYENDO
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfic#Nyongtory #Bigbang #Gri #suyihan