Next Step 🐲💙🐼 Part (9)

154 15 0
                                    

Next Step 🐲💙🐼

Episode (9) Sad 😢

❤> Ri နေကောင်းရဲ့လား... ငိုနေသေးလား... ကိုယ်တောင်းပန်ပါတယ် ကလေးရယ် ...<

💙 Seen

❤> မနက်က ကိုယ်လွန်သွားတာပါ... ကိုယ်လည်း သတိရနေတာပါ Ri... <

💙 Seen

❤> Ri... ကိုယ့်ကို စိတ်ဆိုးနေတုန်းလား... ကိုယ် နောက်ဆို... Riအပေါ် ပိုဂရုစိုက်ပေးပါ့မယ်နော်... <

💙 Seen

Jiyong ပို့လိုက်သည့်စာများ Seen ပြပြီး ပြန်စာ ​ရောက်မလာတဲ့အခါ အငယ်လေး ဘယ်လိုခံစားခဲ့ရလည်းဆိုတာ မိမိ ​ကောင်းကောင်းကြီး နားလည်ခံစားတတ်သွားပါပြီ။

Jiyongအတွက် အကြီးအကျယ် ဝဋ်လည်ခံရတဲ့ ပြဿဒါးနေ့စွဲများ ဆိုရင်လည်း မှားမယ်မထင်တော့ပါဘူး...

ဆံပင်တွေကို ထိုးဖွလိုက်ရင်း စတူရီယို အခန်းထဲ စိတ်ပျက်လက်ပျက် ထိုင်နေမိတယ်။

ရေးလက်စ သီချင်းစာရွက်တွေလည်း စားပွဲအနှံ့ပြန့်ကျဲနေပြီး ထိုစာရွက်များထဲမှ လက်ရေးသော့သော့ဖြင့် ရေးလိုက်ဖျက်လိုက်လုပ်ထားသော စာရွက်တစ်ရွက်ကို Jiyong ကောက်ယူလိုက်ပြီး စာရွက်ထိပ်ရှိ Strong Baby ဆိုသော စာသားလေးအား လက်ဖြင့်ပွတ်သပ်မိပြန်ဧ။်။

စိတ်ပင်ပန်းမှုတွေကြားမှ ထိုစာသားလေးကို မြင်တော့ ခဏလေးဖြစ်ဖြစ် အားဖြစ်ရပြန်သည်။

မကြာခင် ​ရောက်ရှိလာတော့မည့် အငယ်လေးရဲ့ (၁၉)နှစ်ပြည့် ​မွေးနေ့မှာ လက်ဆောင်အဖြစ်ပေးရန် ကြိုးစားပြီးရေးထားတဲ့ ဒီသီချင်းကို ထိုကလေးသဘောကျမယ်လို့တော့ Jiyong မျှော်လင့်နေမိတာ အမှန်ပဲ။

Jiyong တို့ ဟန်ဟုမြေ၌ အသက်ကိုထုတ်ပြောရာတွင် မိခင်ဧ။် ဝမ်းဗိုက်အတွင်း ပဋိသန္ဓေဆောင်သည့် အချိန်ကာလကိုပါ ထည့်ဖော်ပြသည်မို့ တကယ့်အစစ်အမှန် အသက်ထက် တစ်နှစ် ထပ်ထည့်ပေါင်းပြီး ပြောဆိုကြသည်မှာ ဓလေ့တစ်ခုလိုပင်ဖြစ်သည်။

လူကြီးပေါက်စလေးဖြစ်တော့မည့် အငယ်လေးအတွက် Jiyong အစောကတည်းက ကြိုတင်ပြင်ဆင်ခဲ့သည့် လက်ဆောင်အကြောင်းကို မည်သူ့ကိုမှ အသိ မပေးရသေးပေ။

Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode Tempat cerita menjadi hidup. Temukan sekarang