[Zawgyi]
Next Step 🐲💙🐼Episode (2) That Night 🖤
နားလည်ရခက်တဲ့ ကျွန်တော်ရဲ့ နှလုံးသားနဲ့ Hyung ဘယ်လိုများ ရင်းနှီးသွားခဲ့တာလဲ...
Hyung ဆီက စကားသံမကြားရရင်တောင် မှောင်နေတဲ့ ကျွန်တော်ရဲ့ကမ္ဘာကို အလင်းရောင်ပေးစွမ်းနိုင်တယ်...
Hyungကို လိုအပ်တယ်ဆိုတာ ကျွန်တော့်မျက်နှာက အပြုံးတွေမှာ အထင်းသားပေါ်နေတယ်...
Hyung နဲ့ခွဲမသွားချင်ဖူးလို့ ကျွန်တော့်ရဲ့မျက်လုံးတွေက အမှန်အတိုင်းပြောနေတယ်...
Hyung ပြိုလဲကျခဲ့ရင်တောင် ထိတွေ့ထားတဲ့ ကျွန်တော့်လက်လေးတွေက အမြဲဖမ်းဆုပ်ထားပေးမယ်လို့ ပြောနေရှာတယ်...
ဘာမှ ကျွန်တော်မလုပ်ပေးနိုင်ရင်တောင် အကောင်းဆုံးဆိုတဲ့ စိတ်ဆန္ဒတွေနဲ့ Hyung ရဲ့ အနားမှာ ရပ်တည်နေမှာပါ...
" ကျွန်တော်ချစ်တဲ့ Jiyong Hyungရေ... ကောင်းသော နံနက်ခင်းလေးပါ..."
Leader Kwonဧ။် နဖူးစပ်သို့ ဝေ့ဝဲစွာ ကျဆင်းနေသော ဆံစလေးအား လေဖြင့် အသာမှုတ်ကာ ကလူကျီစယ်လိုက်မိသည်။
" ဟူး....ဟူး..."
လေအေးအေးကြောင့် မျက်ခုံးများပင့်သွားရင်း အသာအယာဖြင့် မျက်လုံးဖွင့်ကြည့်ကာ နွေးထွေးစွာပြုံးပြပြီးနောက် ပြန်အိပ်ပျော်သွားသော G-dragon အား...
" Oppa... ထတော့လေဗျာ... ဒီမနက် ရိုက်ကူးရေးရှိတယ်လို့..."
နှုတ်ကလည်းပြောရင်း သူ့လက်မောင်းကို အသာလှုပ်ကိုင်နှိုးလိုက်တော့ G-dragon က မိမိလက်အားဖမ်းဆွဲလိုက်ပြီး...
" Morning Kiss ပေးမှ ထမယ်..."
ကလေးဆိုးကြီးလို အကြင်နာအနမ်း ပေးမှ ထမည်လုပ်နေသော နဂါးကိုယ်တော်ဧ။် ပါးပြင်အား ရွှတ်ကနဲ နမ်းလိုက်ရင်း...
" ထတော့ဗျာ... အနမ်း ပေးပြီးနေပြီ..."
G-dragon က မျက်လုံးပင် မဖွင့်ပဲနှင့် ကျန်ပါးတစ်ဖက်ကို စောင်းငဲ့ပေးလေပြီး...
" ကိုယ့်မှာ ပါးနှစ်ဖက်ရှိတာနော်...တစ်ဖက်ကျန်သေးတယ်..."
သိပ်အချစ်ခံချင်နေသော Leader ကြီးအား Seungri စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း...
YOU ARE READING
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfiction#Nyongtory #Bigbang #Gri #suyihan