[Zawgyi]
Next Step 🐲💙🐼
Extra Part (1) First Step 🤞" Hyung... Jiyong Hyung အခန်းတံခါးဖွင့်ပါဦး..."
သစ်သားတံခါးကို ထုရိုက်နေတဲ့ Seungri ရဲ့လက်တွေတောင် အတော်လေးနီမြန်းလို့်လာချေပြီ။ ဘေးမှ အကိုတွေက Seungri ဧ။်လက်အခြေအနေကိုမြင်တော့ လှမ်းဆွဲခေါ်ကြရင်း...
" အငယ်လေး လာပါကွာ... Jiyong လည်း စိတ်အရမ်းညစ်နေလို့နေမယ်..."
ထိုစဉ် အခန်းတံခါး အနည်းငယ်ဖွင့်ဟလာသဖြင့် Seungri ဝဲတက်နေဆဲ မျက်ရည်စတွေကို အသာသုတ်ပစ်လိုက်ပြီး Leader Kwon ဧ။် အိပ်ခန်းထဲသို့ Seungri အလျှင်အမြန်ဝင်လိုက်တော့ဧ။်။ ကျန်အကိုတွေက အလိုက်တသိနဲ့ အခန်းအပြင်မှာ ကျန်ရစ်နေခဲ့ကြသဖြင့် Seungriလည်း အခန်းတံခါးကို အသာဆွဲပိတ်လိုက်ကာ...
" Hyung... "
အခန်းအတွင်း၌ ပစ်ဖောက်ခွဲထားတဲ့ ပစ္စည်းအကျိုးအပဲ့များစွာဖြင့် ပြည့်နှက်လို့နေလေသည်။ Hyung ဧ။်မျက်နှာပေါ်က မရိတ်မသင်ထားတဲ့ နှုတ်ခမ်းမွှေးများနှင့် အရောင်ဖျော့တေ့လျက်ရှိသော မျက်ဝန်းညိုတို့ကြောင့် သူ့ချစ်သူ Kwon Jiyong ရော ဟုတ်ရဲ့လားဟု မနည်းကြည့်ယူရသည်အထိ။
" Hyungတစ်ယောက်တည်း မဟုတ်ပါဘူး... ကျွန်တော့်အပါအဝင် ကျန်တဲ့အကိုတွေကလည်း Hyung ကို စိတ်ပူနေကြတာ... နောက်ပြီး Heart Breaker သီချင်းကို Hyung ဘယ်လောက်ကြိုးစားထားတယ်ဆိုတာ ကျွန်တော့်တို့အားလုံး အသိပဲလေဗျာ... မဟုတ်မမှန်ပြောနေကြတဲ့ စကားတွေကို နားဝင်ပြီး အခုလို စိတ်ဓာတ်မကျပါနဲ့ Hyungရယ်..."
Hyung ထံမှ အသက်မပါတဲ့အကြည့်တွေကြောင့် Seungri ရင်ထဲ နာကျင်ခံစားနေရသည်မှာ အမှန်ပင်။ သူတောင် ဒီလောက်စိတ်မကောင်းဖြစ်ရတာ ကာယံကံရှင်ဖြစ်တဲ့ Hyung ဆိုရင် ပိုလို့တောင် ခံစားနေရမည်ဖြစ်ဧ။်။ အခုချိန်မှာ Seungri လုပ်နိုင်သည့်အရာက မိမိချစ်တဲ့သူအနားမှာ မားမားမတ်မတ်ရပ်တည်ပေးဖို့အပြင် Hyung အရင်လို စိတ်ပြန်လည် တက်ကြွလာအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ရမယ် မဟုတ်လား။
" Hyung ကို ပြောပြစရာရှိတယ်... ဟိုနေ့ကလေ ကျွန်တော့် Fan တစ်ယောက်နဲ့ အပြင်မှာတွေ့တယ်..........."
ESTÁS LEYENDO
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfic#Nyongtory #Bigbang #Gri #suyihan