[Zawgyi]
Next Step 🐲💙🐼
Episode (25) Hidden Secret💙
တသိမ့်သိမ့်တုန်ခါနေတဲ့ အငယ်လေးဧ။် ခန္ဓာကိုယ်ကို ပွေ့ဖက်ထားသော Se7en ဧ။် ပခုံးထက်သို့ စွတ်စိုကျဆင်းနေဆဲ မျက်ရည်တွေကြောင့် မိမိပါ ထိုကလေးနည်းတူ နာကျင်ခံစားရလေသည်။
ကံတရားက တစ်ခါတလေ ခါးသက်လွန်းမှန်းသိသော်လည်း ဒီကလေးရဲ့ ဘဝကတော့ သူထင်ထားတာထက် ပိုခက်ခဲကြမ်းတမ်းလွန်းလှဧ။်။ ဘဝက မတရားဘူး။ ထိုစကားက အမှန်ပင်။ ကြိုးစားနေတဲ့ အငယ်လေးအပေါ်မှာမှ ကံကြမ္မာက မျက်နှာသာမပေးပဲ တစ်နည်းမဟုတ် တစ်နည်းဖြင့် ရက်စက်စွာ အပြစ်ပေးနေသကဲ့သို့။
" Seung Hyun မင်းဘာလုပ်ချင်လဲ Hyung ဘယ်လို ကူညီပေးရမလဲ "
အငယ်လေးဧ။် နှုတ်က ဖြစ်ချင်တာသာ ပြောလိုက်ပါ။ သူ့ဘက်က မဖြစ်ဖြစ်အောင် လုပ်ပေးရန် ဆုံးဖြတ်ပြီးသားမို့် ထိုကလေးထံမှ ဖွင့်ဟလာမည့် စကားသံကို နားစွင့်နေမိတော့ အငယ်လေးက မိမိရင်ခွင်ထဲမှ အသာအယာ ပြန်လည်ထွက်ခွာလိုက်ရင်း နီမြန်းစပြုနေတဲ့ သနားစဖွယ်ကောင်းသော မျက်ဝန်းတို့ဖြင့် Se7enကို ကြည့်လျက်...
" ဂွမ်ဂျူးကို မပြန်တော့ပါဘူး Hyung ရယ်... အနားမှာ ကျွန်တော်ရှိလည်း ဘာမှ အကူအညီပေးနိုင်မယ် မထင်ဘူး "
" အဲလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ အန်တီ အတော်လေး နေမကောင်းဖြစ်နေတာလေ မင်းမပြောရဲရင် သူဌေး Yang ကို Hyung ပြောပေးမယ် "
Se7en ဧ။် မျက်နှာကို အသာငေးမော့ကြည့်နေတဲ့ အငယ်လေးက ခေါင်းတွင်တွင်ခါယမ်းပြရင်း...
" မပြောပါနဲ့ Hyung... အခုတောင် ကျွန်တော့်ကြောင့် YGက ဝန်ထမ်းတွေကြားမှာ အပြောခံနေရတယ်မလား "
ဒီကလေးက ဒီကိစ္စတွေပါ သိနေတယ်ပေါ့။ အငယ်လေးက မိမိထင်ထားတာထက် ပိုဉာဏ်ကောင်းတဲ့ ကောင်လေး မဟုတ်လား။ ဒီလို ထင်မြင်ယူဆချက်တွေ၊ နောက်ကွယ်က အတင်းစကားကို Se7en ဂရုမစိုက်ပေမယ့် အငယ်လေးကတော့ မိမိအတွက် စိုးရိမ်ပေးနေလေသည်။
" ကိုယ် အဲဒိလို အတင်းအဖျင်းတွေကို အာရုံထဲမထည့်ပါဘူး... Hyung ဝင်ကူညီပေးတာ မင်းအတွက် စိတ်သက်တောင့်သက်သာ မဖြစ်ရင်လည်း Jiyongကို ပြောပြကြည့်ကြမလား သူက Leader ဆိုတော့ သူသာသိရင် တစ်ခုမဟုတ် တစ်ခုတော့ အကူအညီပေးနိုင်မှာ "
YOU ARE READING
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfiction#Nyongtory #Bigbang #Gri #suyihan