Next Step 🐲💙🐼
Episode (13) Complicated Love ❤💙🖤
ဝုန်း...
ဒုန်း...
ခလွမ်း....
ရိုက်ခွဲလိုက်သည့်အသံတွေက နားနေခန်းအတွင်း ဆူဆူညံညံဖြင့်။
" ရား...Kwon Jiyong... မင်းစိတ်ထိန်းစမ်း..."
Young Bae ထံမှ အော်ပြောလိုက်သည့်အသံနှင့်အတူ ထပ်မံရိုက်ခွဲရန် ဟန်ပြင်နေသော မိမိ အား အနောက်မှ သိုင်းဖက်ကာ တားမြစ်နေသည့်ကြားမှ Jiyong အတင်းရုန်းကန်လိုက်ရင်း...
" ငါ့ကို လွှတ်ထားစမ်းပါ... Bae..."
Young Bae က YG Staff များ ကြားသွားမည့်စိုးသဖြင့် ခွန်အားသုံးကာ Jiyong ကို အတင်းဖမ်းချုပ်ထားသည်။
" မင်း ဘာဖြစ်နေတာလဲ Jiyong... Se7en Hyung က အငယ်လေးကို စိုးရိမ်လို့ လာကြည့်ပေးတာကို မင်းက ဘာတွေ ဒေါသထွက်နေတာလဲ..."
" Dae Saung ကို ငါမနက်က သေချာမှာထားခဲ့ရက်နဲ့ ဘာလို့ သူတို့နှစ်ယောက်တည်း ထားခဲ့တာလဲ... နောက်ပြီး သူတို့တခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ..."
Jiyong စကားတို့ကြောင့် ဘေးမှ ရပ်ကြည့်နေသော Top က မနေနိုင်တော့ပဲ...
" ဟေ့ Dae Saung နဲ့ ဘာဆိုင်လို့လဲ... သူ့သွားစရာရှိတာ သွားမှာပေါ့... နောက်ပြီး မင်းက အငယ်လေးကို ဒီလောက်တောင် အယုံအကြည်မရှိဖူးလား..."
Top ဧ။်စကားတို့က ထိရှလှဧ။်။
သူ့ကိုယ်သူလည်း မသိတော့ပေ။ အငယ်လေးနဲ့ Se7en Hyung တို့နှစ်ယောက်တည်း အခန်းထဲမှာရှိနေတယ်... ထိုကိစ္စကိုတွေးမိတိုင်း အလိုမကျမှုတွေ၊ ဒေါသတွေက တလိပ်လိပ် တက်လာရသည်သာ။
Jiyong ဘက်မှ အတင်းရုန်းကန်ခြင်း မပြုတော့ပဲ အနည်းငယ်ငြိမ်သွားသည်မို့ Young Bae က သူ့အား ဖမ်းချုပ်ထားရာမှ ဖြေလွှတ်ပေးလိုက်ပြီး...
" Jiyong မင်းကို အငယ်လေးက ချစ်နေတုန်းပါကွာ... မင်း သူ့ကို ယုံကြည်ပေးသင့်တယ်...နောက်ပြီး Se7en Hyung ကလည်း သူနဲ့အကအတူ လေ့ကျင့်ရင်း ထိခိုက်သွားလို့ စိုးရိမ်တကြီးနဲ့ သတင်းလာမေးတာ နေမှာပါ..."
Jiyong မှာ ခေါင်းကို တွင်တွင်ခါယမ်းလိုက်ပြီး...
" အငယ်လေးကို Se7en Hyung ကြည့်တဲ့ အကြည့်တွေ မင်းမမြင်သေးလို့ပါ...ဟာကွာ ငါတကယ်ပဲ စိတ်တိုလာပြီ..."
YOU ARE READING
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfiction#Nyongtory #Bigbang #Gri #suyihan