Next Step 🐲💙🐼 Part (12)

147 14 0
                                    

Next Step 🐲💙🐼

Episode (12) Meaningful 💋

" အရမ်းနာကျင်နေလား Ri..."

အငယ်လေးတစ်ယောက် အကလေ့ကျင့်ရင်း ခြေကျင်းဝတ်ဒဏ်ဖြစ်သွားသည့် သတင်းကို Young Bae ထံမှ ကြားလျှင်ကြားချင်း Jiyong အဆောင်သို့ အပြေးပြန်လာခဲ့မိသည်။

အိပ်ခန်းထဲရှိ မွေ့ယာထက်၌ ပက်လက်အနေအထားဖြင့် ရင်ဘတ်ပေါ် လက်နှစ်ဖက်ယှက်တင်ကာ ဆေးအရှိန်နဲ့ အိပ်မောကျနေသော သူ့ချစ်သူလေးကို ကြည့်ရင်း မျက်ရည်များက မျက်ဝန်းတဝိုက် ရစ်သီဖွဲ့လာပြန်ဧ။်။

နီမြန်းနေသေးသည့် အငယ်လေးဧ။် ခြေကျင်းဝတ်ကို Jiyongမှာ မကြည့်ရက်စွာပင် ရင်တမမဖြင့် ။

ဒီကလေး ထိခိုက်နာကျင်ရတိုင်း သူ့နှလုံးသားတွေ ကွဲအက်နေရသည့်နှယ်။

" ကိုယ် မင်းအပေါ် အများကြီး ဂရုမစိုက်ပေးနိုင်ခဲ့ဘူး Ri... ကိုယ်က မင်းအတွက် ချစ်သူကောင်းတစ်ယောက်လို့တောင် ကိုယ့်ကိုယ်ကို မပြောရဲပါဘူး...ဒါပေမယ့်လေ ကိုယ် မင်းကို အရမ်းတန်ဖိုးထားတာပါ... ဘယ်သူ့အပေါ်မှာမှ အခုလိုအချစ်စိတ် မထားရှိခဲ့ဖူးဘူး... ကိုယ့်ဘဝအတွက် ချစ်သူယောက်ျားလေးဆိုတာ... Ri မင်းက ပထမဆုံးနဲ့ နောက်ဆုံးပါပဲ..."

အငယ်လေးရဲ့ ပါးပြင်လေးကိုတော့ အခုချိန်မှာ သူ့အသာလေး ခိုးထိတွေ့ခွင့်ရှိသေးသည် မဟုတ်လား။

သူတို့နှစ်ယောက်က တရားဝင်လမ်းခွဲသေးတာလည်း မဟုတ်သေးသည်မို့ သူ့မှာ ထိတွေ့ခွင့်လေးတော့ ရှိကောင်းပါရဲ့...

အရမ်းလွမ်းနေခဲ့ရတဲ့ ထိုကလေးဧ။် ပါးပြင်လေးကိုထိကိုင်လိုက်ပြီး သူ့မျက်နှာနုနုလေးကို တဝကြီးထိုင်ကြည့်မိတော့သည်။

" ကိုယ်က အတ္တကြီးလွန်းတာ ကိုယ် သိတယ်... ကိုယ့်ကို မင်းဘက်က အရမ်းနားလည်ပေးနေရမှန်းလည်း သိပါတယ်... နောက်ပြီး Ri မင်းက တခုခုဆို ချက်ချင်းဖြေရှင်းချင်တဲ့သူ၊ ကိုယ်က တစ်ယောက်တည်းကြိတ်ခံစားတတ်တဲ့သူ... ကိုယ်တို့ရဲ့ ဖြေရှင်းပုံတွေ တူမနေဘူး...ဒါကြောင့်လည်း Riကို စိတ်ဒဏ်ရာတွေ ​ပေးမိသလို ဖြစ်သွားရတာနေမယ်..."

Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode Where stories live. Discover now