Next Step 🐲💙🐼 Extra Part (2)

115 14 2
                                    

(Zawgyi)
Next Step 🐲💙🐼

Extra Part (2) Second Step ▶

ဆောင်းရာသီဧ။် အအေးဓာတ်က (Gyeonggido) ဂရုန်းဂီဒို တောင်ထိပ်တွင် ကြောက်မခန်းလိလိ အေးစိမ့်လျက်ရှိဧ။်။

Big Bang အဖွဲ့ဝင်များဧ။် solo Alblum အတွက်ပြင်ဆင်နေကြချိန်မို့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းမဆိုင်ဖြစ်၊ အချိန်ပေးနိုင်ခြင်း မရှိတာ ကြာလှလေပြီ။

အခုလို YG ကစီစဉ်ပေးတဲ့ 1 Night 2 Days အစီအစဉ်ကြောင့် Jiyong တို့ (၅)ဦး ပြန်လည်ဆုံတွေ့ကြရသဖြင့် ပျော်နေမိတာအမှန်ပေ။

အစီအစဉ်ရဲ့ MC ဖြစ်သူ Dae Saung က ဦးဆောင်၍ အမှတ်ရစရာနေ့ရက်တစ်ခုကို ဖန်တီးပေးလို့နေလေဧ။်။

သို့သော် Jiyong အပြည့်အဝမပျော်နိုင်အောင် ပြုလုပ်သူက အခြားသူမဟုတ်၊ မိမိရဲ့ ရင်နင့်အသည်းခြာ Lee Seungri ပင်။

အစီအစဉ် စရုံရှိသေး အပြေးအလွှားဖြင့် အနားသို့ တိုးကပ်လာလေပြီး...

" Hyung ကျွန်တော့်တို့ လမ်းခွဲရအောင်..."

" ဘာ... Ri ဘာတွေပြောနေတာလဲ "

ပခုံးနှစ်ဖက်ကို တွန့်ပြပြီး အကြောင်းပြချက် ပြန်မပေးပဲ အနားမှပြန်ထွက်သွားမည့်ဟန်ပြင်သည်ကြောင့် Jiyong လည်း အငယ်လေးဧ။်လက်ကို လှမ်းဆွဲလိုက်ပြီး...

" Ri... ကိုယ်မေးနေတယ်လေ "

" Hyung က လူဆိုးကြီး... ကျွန်တော့်ကို လာမတွေ့တာ ဘယ်နှရက်ရှိနေပြီလဲ ပြောရင် အလုပ်များတယ်ဆိုတာကိုပဲ အကြောင်းပြဦးမယ်..."

" ကိုယ်တကယ်အလုပ်များနေတာပါ Ri ရယ်... ကိုယ်နေ့တိုင်း ဖုန်းဆက်နေတာပဲ စိတ်ကောက်စရာမရှိတာ ရှာကြံပြီး မကောက်ပါနဲ့ Ri "

Seungri က အခုထိ စိတ်မလိုမကျသေးဟန်ဖြင့် Jiyong ဆွဲကိုင်ထားတဲ့လက်ကို ပြန်ဖြုတ်ချလိုက်ရင်း...

" ရှာကြံပြီး ကောက်နေတာမဟုတ်ဖူး... Hyung ဘေးနားမှာ အချောအလှလေးတွေဝိုင်းနေတော့ ကျွန်တော့်လို ကောင်က ဘယ်အရေးပါပါ့မလဲ "

Seungri က ပြောချင်ရာပြောပြီးသည်နှင့် အနားက ထွက်ခွာသွားလေသည်။ ခပ်လှမ်းလှမ်းမှ ရပ်နေတဲ့ Young Bae က Jiyong တို့နှစ်ဦးရဲ့ အဆင်မပြေဖြစ်သွားသည့်အခြေအနေကို ရိပ်စားမိလေပြီး...

Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode Where stories live. Discover now