Next Step 🐲💙🐼 Part (14)

152 12 0
                                    

Next Step 🐲💙🐼

Episode (14) Fortune 💫

Jiyong ဘဝမှာ ကြီးကြီးမားမား အချေခံရသော နေ့ရက်တစ်ရက်ပင်ဖြစ်ဧ။်။

မိမိအရှေ့မှ ကြည်နူးနေသော အငယ်လေးနှင့် Se7en တို့ကို ကြည့်ရင်း သွေးတွေပါ ဆောင့်တက်နေရလေသည်။

Se7en ခွံ့ကျွေးသော ဆန်ပြုတ်ကို မြိန်ရေရှက်ရေ စားနေသော အငယ်လေးထံမှ အပြုံးနုနုတွေကိုမြင်တော့ အခန်းနံရံ၌ကပ်ကာ ရပ်ကြည့်နေသော Jiyongမှာ ခြေမကိုင်မိ လက်မကိုင်မိပင်။

ထိုကလေးက မိမိကို စိတ်ဆိုးနေသေးသည်မို့် အတင်းဝင်၍ တားမြစ်လို့လည်း မသင့်တော်သေးပေ။ ထို့ကြောင့် ပါးစပ်ပိတ်နေရင်းဖြင့်သာ Se7en ဧ။် လှုပ်ရှားမှုတိုင်းအား မျက်တောင်မခတ်ပဲ စောင့်ကြည့်နေမိလေသည်။

အငယ်လေးက စားလို့ဝသွားလေဟန်ဖြင့်...

" Hyung ကျေးဇူးပါနော်...ကျွန်တော်တော့ နေပြန်ကောင်းသွားရင်တောင် ဒီဆန်ပြုတ်အရသာကို လွမ်းနေမှာ..."

" Seung Hyun သာ စားချင်တယ်ဆိုရင် ကိုယ်နေ့တိုင်း လာပို့ပေးမှာပေါ့..." ဟုဆိုကာ အငယ်လေးဧ။် နဖူးထံ သူ့လက်ကိုလှမ်းလိုက်သဖြင့်...

" ရား..." ထိန်းထားသည့်ကြားက Jiyong ရုတ်တရက် ထအော်လိုက်သောကြောင့် Se7en ဧ။် လက်တို့က ​လေထဲ၌ ရပ်တန့်သွားပြီး မိမိအား လှမ်းကြည့်လေတော့...

"  ခြင်ကိုက်လို့ ​အော်လိုက်မိတာ..."

ပါးစပ်ထဲပေါ်လာရာ လျှောက်ပြောလိုက်တော့ အငယ်လေးထံမှ မျက်စောင်းလှလှလေး တစ်ချက်ထိုးသည်ကို ခံလိုက်ရသေးဧ။်။

Jiyongမှာ မိမိ ဝင်မပါနိုင်သော အခြေအနေမို့ Dae Saung အမြန်ပြန်လာရန်သာ ဆုတောင်းနေမိတော့လေသည်။

Se7en က စားပြီးလက်စ ပန်းကန်အား ဆေးကြောရန် ထလေတော့ Seungri က...

" Jiyong Hyung...ဆန်ပြုတ်ပန်းကန်လေး ဆေးပေးပါလား..."

Jiyong မှာ မိမိက ဘာလို့ဆေးရမှာလဲဟူသည့်ပုံစံဖြင့် မေးငေါ့ပြသည့်အခါ...

" တကူးတက ဆန်ပြုတ်ကြိုပေးတဲ့ ဧည့်သည်ကို ဆေးခိုင်းလို့ မသင့်တော်ဘူးလေ...နောက်ပြီး Hyung လည်း အခု အားနေတာ မဟုတ်လား..."

Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode Donde viven las historias. Descúbrelo ahora