Next Step 🐲💙🐼 Part (16)

140 14 1
                                    

Next Step 🐲💙🐼

Episode (16) SPY 😎

Hack Software Application မှ ပြသသည့် တည်နေရာ အမှတ်သားက phone screen ပေါ်တွင် တရွေ့ရွေ့ဖြင့်။

Jiyong ဒီနေ့ YG ၌ ခွင့်တင်လာခဲ့သည်မို့ အငယ်လေးဧ။် အနောက်သို့ လိုက်ချောင်းရန်အတွက်သာ စိတ်ကို အပြည့်အဝ နှစ်ထားလိုက်တော့သည်။

စီနီယာ Se7en က သူ့ကားဖြင့် Seungri ကို လာခေါ်သွားပုံပေါ်ကာ အမှတ်အသား သင်္ကေတက ရွှေ့လျားတာ အရင်ကထက် ပိုမြန်လာဧ။်။

Jiyong လည်း တက္ကစီတစ်စီးကို လက်ပြတား၍ ငှါးလိုက်ရင်း နောက်ယောက်ခံ လိုက်မိလေသည်။

မိနစ်အတော်ကြာလေတော့ စားသောက်တစ်ဆိုင်ဧ။် အနီး၌ အချက်ပြသင်္ကေတလေး ရပ်သွားသည်မို့် မိမိစီးလာသော တက္ကစီသမားကို လမ်းညွှန်ပေးလိုက်ရင်း...

: Seungri... မင်းက တစ်ခါတလေ သိပ်ကလေးဆန်တာပဲ... ကိုယ်အရမ်းချစ်တာ သိရက်နဲ့ကွာ...:

အားမလိုအားမရဖြစ်ခြင်း၊ စိတ်မကောင်းခြင်းတို့ဖြင့် အငယ်လေးတို့ ရောက်ရှိနေလေမည့် စားသောက်ဆိုင်ရှေ့တွင် Jiyong ကားပေါ်မှ ဆင်းလိုက်သည်။

အနက်ရောင် နေကာမျက်မှန်နှင့် အကျီအနက်ရောင်ကို ဝတ်ဆင်ထားသည့်အပြင် ကျော၌လည်း ကျောပိုးအိတ်တစ်လုံးလွယ်ထား​သော Jiyong ပုံစံမှာ အတော်လေးတော့ ရယ်စရာကောင်းနေမယ်ထင်ဧ။်။

သို့သော် မိမိက ဖက်ရှင်ကျသူမို့ ဟန်ကိုယ့်ဖို့်ဖြစ်ရန် ကျောပိုးအိတ်ထဲမှ အစိမ်း၊အနက်နှင့် အဖြူတို့ ​ရောစပ်ထားသော ​ပျောက်ကျားအကွက်ပါသည့် လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူကာ လက်ကောက်ဝတ်၌ စည်းပစ်လိုက်သည်။

တစ်ကိုယ်လုံး မည်းနေတာထက်စာရင် ဒီလိုလေးက အနည်းငယ် ပိုကြည့်ကောင်းသွားမည် မဟုတ်လား။

စားသောက်ဆိုင်က တရုတ်ရိုးရာ စားသောက်ဆိုင်ဖြစ်ပြီး သူ့အခန်းနှင့်သူ အကန့်လေးများဖြင့် သီးသန့်စားသောက်ရသည်ကို တွေ့ရတော့ Jiyong အကြံအိုက်သွားရဧ။်။

ဆိုင်ကောင်တာရှိ ဝန်ထမ်းက ဘယ်သူနှင့် ချိန်းထားလဲ မေးလာသဖြင့် Jiyong လည်း တွေဝေစဉ်းစားခြင်း မပြုလေတော့ပဲ...

Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode Où les histoires vivent. Découvrez maintenant