Next Step 🐲💙🐼 Part (27)

155 17 1
                                    

[Zawgyi]
Next Step 🐲💙🐼

Episode (27) Result

" Jiyong Hyung... Hyung ဘာကြောင့် ကျွန်တော့်အိပ်မက်ထဲမှာ ခဏခဏ ပေါ်လာရတာလဲ... ကျွန်တော့် အတွေးတွေမှာရောပဲ ... ကျွန်တော်စိတ်စွဲနေပြီထင်တယ် "

ညလယ်ခေါင်ကြီး အိပ်မက်မှလန့်နှိုးထလာတဲ့ Seungri မှာ ပြန်အိပ်မပျော်လေတော့ပဲ မိမိဘေးမှ အေးစက်နေသော အိပ်ရာခင်းကို ထိကိုင်လိုက်ရင်း Leader Kwon ဧ။် နွေးထွေးမှုကို လွမ်းဆွတ်မိနေဆဲ။

ခြေသံတိုးဖွဖွနင်းလျှောက်ကာ စေ့ရုံလေးစေ့ထားတဲ့ Leader ကြီးဧ။် အခန်းတံခါးကို အသာတွန်းဖွင့်ရင်း အခန်းထဲဝင်လိုက်ပြီးလျှင် အဖြူရောင် မွေ့ယာထက်မှာ ဖက်ခေါင်းအုံးကို ခွလျက် အိပ်မောကျနေတဲ့ Hyung ဘေးနားသို့ ခပ်ဖြည်းဖြည်း ဝင်ထိုင်မိသည်။

" တစ်ယောက်ယောက်ကို ဖက်အိပ်မှ အိပ်ပျော်တတ်တဲ့ Hyung က အခုတော့ ကျွန်တော် မရှိလည်း နေသားကျနေပြီလားဟင်..."

Hyung အခုတော့ တယောက်တည်း နေတတ်နေပြီလား။ သူ့ကို မလိုအပ်တော့ဖူးလား တွေးမိတော့ ရင်ထဲ နွမ်းလျသွားမိပြန်ဧ။်။

: Hyung... ကျွန်တော့်ကို မုန်းနေပြီလား...
ကျွန်တော့်ကို တောင့်တသေးရဲ့လား...
ဒီရက်ပိုင်း ကျွန်တော့်အပေါ် သူစိမ်းဆန်ဆန် ဆက်ဆံနေတဲ့ Hyung ကြောင့် ဝမ်းနည်းမိတယ်ဗျာ... :

Seungri လွမ်းဆွတ်နေတဲ့ G-dragon ရဲ့ ကိုယ်သင်းရနံ့လေးက အိပ်ခန်းထဲမှာ ပျံ့လွင့်လို့နေလေဧ။်။ ထိုရနံ့လေးကို ရှူရှိုက်မိတော့ ဟိုးအရင်က Hyung ရင်ခွင်ထဲတိုးဝှေ့ရင်း အတူဖက်အိပ်ခဲ့ကြဖူးသည့် ညအချိန်တွေကို သတိရမိသွားသေးသည်။

" လွမ်းလိုက်တာ Hyung ရယ်..."

မြင်နေရင်းနဲ့ကို လွမ်းမောနေမိတဲ့ ခံစားချက်က Hyung ကို ကျွန်တော် သိပ်ချစ်လို့လေ။

ဒွိဟတွေဖြစ်ရင်း တစ်ယောက်တည်း အမှောင်ဖုံးခဲ့တဲ့ နေ့ရက်တွေ ကုန်လွန်ကာ အမှတ်တရတွေကို ပြန်လည်ရှင်းရှင်းလင်းလင်း မြင်လာချိန်မှာ မပြောတတ်လောက်အောင် ဆိုးရွားတဲ့ခံစားချက်တစ်ခုကို ခံစားရဧ။်။ ထိုအရာက နောင်တတရားဆိုတဲ့ ခံစားချက်ပေါ့။ ဘယ်ဘက်ရင်အုံမှ နာကျင်မှုဆိုတာ Hyung ကြောင့်ဖြစ်ပေါ်သလို ကျွန်တော့်ကြောင့်လည်း Hyung နာကျင်ခဲ့မယ် ထင်တယ်။

Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode Where stories live. Discover now