Next Step 🐲💙🐼
Episode (18) Strong Baby 💪🐼
Jiyong Hyung က သူ့ကို ယုံကြည်နေပါတယ်လို့ တတွတ်တွတ်ပြောနေခဲ့ပေမယ့် အနာဂတ်ကို ဘာမှကြိုမမြင်နိုင်တဲ့ ကံကြမ္မာကို သူမယုံကြည်ရဲဘူး။
သူ့နည်းသူ့ဟန်နဲ့ တစ်ခုခုကို ခေါင်းစဉ်ပြောင်းတပ်ဖို့ ဒါမှမဟုတ် ဖြေရှင်းဖို့ စဉ်းစားရမှာပဲ။
သူ့အတွက်ရော နောက်ပြီး Hyung ရဲ့ အနာဂတ်အတွက်ရောပေါ့။
အောင်မြင်နေတဲ့ G-dragon ရဲ့ အနုပညာလမ်းခရီးမှာ သူ့ကြောင့်နဲ့ အစွန်းအထင်း အဖြစ်မခံနိုင်ဖူးလေ။
Seungri အသံသွင်းရင်း အာရုံတွေ လွင့်ပါးနေသဖြင့် Key အနိမ့်အမြင့်ယိုင်သွားလေတော့...
" Seungri သီချင်းကို ဘယ်လိုဆိုနေတာလဲ... မင်းသေချာ အာရုံမစိုက်နိုင်ဖူးလား..."
Leader Kwon က မအားလပ်သည့် သူ့အချိန်တွေကို ဖဲ့ကာ မိမိ အသံသွင်းရာတွင် ဦးဆောင်လုပ်ပေးနေသည်ကို Seungri က အာရုံစိုက်မရပဲ အမှားတွေ လုပ်မိသွားသည့်အတွက် အားနာသွားရလေပြီး...
" တောင်းပန်ပါတယ် Hyung... ကျွန်တော် ပြန်ဆိုပါ့မယ်..."
Leader ကြီးက သူ့ကို ဘယ်လောက်ပဲချစ်ပါစေ အနုပညာအလုပ်နဲ့ ပတ်သက်လျှင် စည်းကမ်းကြီးသည်ကတော့ အမှန်ပဲ။
Seungri မှာ ပျံ့လွှင့်နေတဲ့အာရုံတို့ကို ပြန်လည်စုစည်းလိုက်ရင်း Strong Baby သီချင်း အသံသွင်းရာတွင် အားစိုက်ထားမိလိုက်တော့သည်။
နှစ်နာရီကျော်ကြာမြင့်သည်အထိ အသံသွင်းပြီးတော့မှ G-dragon က စိတ်တိုင်းကျသွားသည့် အမူအရာဖြင့် အခန်းမှန်အပြင်ရှိ မိုက်ကရိုဖုန်းမှတဆင့်...
" ပင်ပန်းသွားပြီ Seungri... ခဏနားလိုက်ဦး... second သံတွေကို ညနေကျရင် ဆက်သွင်းမယ်..."
Seungri ထိုအခါမှ သက်ပြင်းအသာချလိုက်ကာ မှန်လုံခန်းထဲမှ ထွက်လာခဲ့မိဧ။်။
Recording အခန်းထဲတွင် ရှိနေသော အခြား Staff များထွက်သွားသည့်အခါ မိမိဆိုထားသော Record ကို ပြန်လည်နားထောင်နေတဲ့ Seungri ဧ။် ဦးခေါင်းကို ခပ်ဖွဖွနမ်းလိုက်တဲ့ Leader Kwon ကြောင့်...
VOCÊ ESTÁ LENDO
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfic#Nyongtory #Bigbang #Gri #suyihan