Next Step 🐲💙🐼 Part (19)

160 14 0
                                    

Next Step 🐲💙🐼

Episode (19) Clown 🎭

မိုးစင်စင်ပင် မလင်းသေး။

ကာလနဂါးကြီး Kwon Jiyong မှာ အစောကြီး နိုးထကာ ဧည့်ခန်းထဲ၌ အလုပ်ရှုပ်နေလေဧ။်။

စောစောထလေ့ရှိသည့် တစ်ယောက်သောသူ Dae Saung က အိပ်မှုန်စုံမွှားဖြင့် သူ့အိပ်ခန်းထဲက ထွက်လာရင်း...

" Jiyong Hyung ဘာတွေ အလုပ်များနေတာလဲ..."

Jiyong က လက်ထဲမှ မီးကြိုးတွေကတစ်ဖက်၊ ပါးစပ်ကလည်း စက္ကူလိပ်စတွေကို ကိုက်ဆွဲထားသဖြင့် ချက်ချင်းပြန်အဖြေမပေးနိုင်ပေ။

Dae Saung က ဘေးမှ ကြည့်မနေနိုင်တော့ပဲ Jiyong ပါးစပ်မှာ ကိုက်ထားတဲ့ စက္ကူလိပ်စကို လှမ်းဆွဲယူကာ...

" Hyungရယ် တစ်ယောက်တည်း ဘာတွေဖြစ်နေတာလဲ..."

Jiyong က ထိုအခါမှ စကားပြန်ပြောလာနိုင်ပြီး...

" ဒီနေ့က အငယ်လေး မွေးနေ့လေကွ... မင်းကလည်း မေ့ရက်လိုက်တာ..."

Dae Saung ဧ။် မျက်လုံးလေးက အသာပြူးကျယ်လာရင်း အားတုံ့အားနာအမူအရာနှင့်...

" ဟုတ်သားပဲ... ဒီနေ့က ဒီဇင်ဘာလ ၁၂ရက်နေ့ပဲ... ကျွန်တော် ​မေ့နေလိုက်တာ... အခုက မွေးနေ့ပွဲအတွက် ပြင်ဆင်နေတာလား Hyung..."

Jiyong က ခေါင်းအမြန်ညိတ်ပြလိုက်ပြီး...

" မင်း ဝိုင်းကူပေးမယ်မလား... "

" ဟာ ကူပေးရမှာပေါ့ ကျွန်တော်တို့်ရဲ့ အဆိုးလေး (အဲ့ ယောင်လို့) အငယ်လေး မွေးနေ့ပွဲအတွက်ပဲ... ဒါနဲ့ Top Hyung နဲ့ Young Bae Hyung ကိုရော သွားနိုးလိုက်ရမလား..."

မီးကြိုးတွေကို ခုံအမြင့်မှတဆင့် ဘေးဘက်နံရံတလျှောက်တွင် လိုက်ချိတ်ဆွဲနေရာမှ...

" အင်း... သွားနှိုးခဲ့လိုက်... တိုးတိုးသက်သာလည်း နှိုးဦးနော်... Top Hyungက သိတဲ့အတိုင်း သူ့ကို အစောကြီးလာနှိုးရင် ဒေါသထွက်တတ်သေးတာ..."

Dae Saung က ရယ်ကျဲကျဲဖြင့်...

" စိတ်မပူနဲ့ Hyung ... သူ ​ဒေါသမထွက်အောင် နှိုးတဲ့နည်းလမ်း ကျွန်တော့်မှာရှိတယ်..."

ယုံကြည်မှုအပြည့်နဲ့ပြောရင်း အိပ်ခန်းထဲ ပြန်ဝင်သွားသူ Dae Saung ဧ။် နောက်ကျောပြင်ကို လှမ်းကြည့်လိုက်ပြီး...

Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode Where stories live. Discover now