Next Step 🐲💙🐼
Episode (20) Evaporate 🌪
လေညှင်းသော့သော့က နှလုံးသားထဲအထိ တိုးဝှေ့နေဆဲ။
တဖျတ်ဖျတ်လူးနေတဲ့ ရင်ခုန်သံတွေကသာ စကားပြောတတ်ခဲ့ရင် ဘေးက Hyung တော့ ရိပ်မိနေလောက်ပြီထင်တယ်။
ကြင်နာမှုအပေါ် ကြည်နူးခံစားမိခြင်းက Seungri အတွက် ဆုလာဒ်လား အပြစ်တစ်ခုလား မသဲကွဲဘူး။
မဖြစ်နိုင်တဲ့အတွေးတွေရဲ့ အဆုံးသတ်ဆီ မရောက်သေးခင်မှာပဲ အတွေးစကို ရပ်တန့်ပစ်လိုက်ရင်း...
" Hyung ကျွန်တော် ရိုက်ကူးရေးရှိသေးလို့..."
" အင်း... ကိုယ်လည်း အလုပ်ရှိသေးတယ်... "
" နေ့လည်စာ စားလိုက်ဦးနော် Hyung..."
စီနီယာ Se7en က ခေါင်းအသာအယာညိတ်ပြလေတော့ Seungri သူ့ကို နှုတ်ဆက်၍ လေသာဆောင်မှ ပြန်ထွက်ခွာခဲ့လိုက်သည်။
နွမ်းလျလျခံစားချက်က အချိန်ကိုက်ပင်။ ရှုပ်ထွေးနေဆဲ အာရုံကို ပြန်လည်ရှင်းထုတ်လိုက်ပြီး အသက်မဲ့တဲ့ခြေလှမ်းတွေရဲ့ ခေါ်ဆောင်ရာကို လိုက်ပါနေတတ်ခဲ့ပြီလေ။
👑❤👑💙👑
လေသာဆောင်တွင် ကျန်ရစ်ခဲ့သော Se7enမှာ အကြောင်းပြချက်မရှိပဲ ကောင်းကင်ပြာကို ငေးမောနေမိတယ်။
ပျံသန်းနေတဲ့ ငှက်တွေတောင် အဖော်အပေါင်းကိုယ်စီနဲ့ မဟုတ်လား။
အထီးကျန်ခြင်းတရားက သူ့ဘဝသက်တမ်း တစ်ဝက်ကို ရစ်ပတ်ချည်နှောင်ထားတာမို့... တွေ့ကြုံခံစားနေရတဲ့ ရင်ခုန်သံ၊ချစ်ခြင်းကို လက်လွှတ်မခံနိုင်တာ သူ့အမှားမဟုတ်ဘူးလေ။
လူတွေအများကြီးထဲကမှ ဒီကောင်လေးဆီမှာပဲ သူ့ခံစားချက်အစိတ်အပိုင်းကို မြှုပ်နှံထားမိတာကြောင့် ဒီတခါတော့ သူ့နှလုံးသားရဲ့ အလိုဆန္ဒကို မသိကျေးကျွန် မပြုချင်တော့တာ အမှန်ပဲ။
ဟမ်းဖုန်းကိုထုတ်လိုက်ပြီး Galleryထဲတွင် save ထားမိတဲ့ ဓာတ်ပုံအချို့ကို ပြန်ကြည့်လိုက်ရင်း...
သူဘယ်အချိန်ကတည်းက Lee Seung Hyun ပါတဲ့ ပုံတိုင်းလိုလိုကို သိမ်းဆည်းထားတတ်တဲ့အကျင့် ရှိနေခဲ့တာလဲ။
ВЫ ЧИТАЕТЕ
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Фанфик#Nyongtory #Bigbang #Gri #suyihan