[Zawgyi]
Next Step 🐲💙🐼Episode (3) Belong to you 👣 👣
ဒီနေ့ဟာ ကိုယ့်အတွက် အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ နေ့ရက်လေးပေါ့...
မင်းဆီက ချိုမြိန်တဲ့ ကိုယ်သင်းရနံ့လေးတွေက ကိုယ့်ကို ယစ်မူးစေပြန်တယ်...
မင်းရဲ့ ဆွဲဆောင်မှုတွေအောက်မှာ ကိုယ်ဟာ ရုန်းမထွက်နိုင်တဲ့ လမ်းပျောက်နေသူတစ်ဦးလို...
ကိုယ်ရဲ့ တလှပ်လှပ်ခုန်နေတဲ့ ရင်ခုန်သံတွေက မငြိမ်မသက်နဲ့ တလွင့်လွင့်မြူးနေပြန်ပြီ...
မင်းရဲ့ ကိုယ်ငွေ့လေးနဲ့ နွေးထွေးနေမယ့် နေ့ရက်တိုင်းကို ဖြတ်သန်းချင်တယ်...
" ကိုယ်ဟာ မင်းနဲ့ပတ်သက်ရင် အရူးအမူးပါပဲ Ri..."
နံနက်ခင်းရဲ့ အေးစိမ့်စိမ့်လေနုကလေးများ တိုက်ခတ်နေတာမို့ အပေါ်ဝတ်အကျီမှ ဇစ်ကို လည်ပင်းအစပ်ထိ ဆွဲတင်ပေးလိုက်ရင်း...
" အအေးမိမယ် ကလေး... ဂရုစိုက်ဦး... "
အသည်းပုံသဏ္ဍာန်နှုတ်ခမ်းလေး ပုံပေါ်ကွေးညွှတ်သွားသည်အထိ ပြုံးရယ်ပြနေသော ချစ်သူလေးက...
" ဟုတ်ကဲ့ပါဗျ... Oppa လည်း ဂရုစိုက်ဦး... " ဟု လေသံတိုးတိုးဖြင့် မိမိအနားသို့ တိုးကပ်ကာ ဆိုလေသည်။
အသည်းယားစွာဖြင့် အငယ်လေးဧ။် ဆံစလေးများကို ပွတ်သက်ပေးလိုက်ပြီး...
" ကျောင်းဆင်းရင် ကိုယ်လာကြိုမယ်... စာသေချာလုပ်နော်... နောက်ပြီး အခြားကောင်တွေနဲ့ ရောရောနှောနှော မနေနဲ့... ကိုယ်မကြိုက်ဖူး..."
ကလေးငယ်လေးသဖွယ် အရိပ်တကြည့်ကြည့်ဖြင့် ပြုမူဆက်ဆံနေသည်ကြောင့် ထိုကလေး စိတ်ကျဉ်းကြပ်နေမယ်မှန်း သိသော်ငြားလည်း Jiyong အလျော့မပေးမိပေ။
အငယ်လေးအား ဆုံးရှုံးရမည်ကို ကြောက်လွန်းသဖြင့် အမိန့်သံကဲသော စကားလုံးများနှင့် ပြောဆိုမိသည့်အခါတိုင်း Jiyong လည်း ထပ်တူ စိတ်မကောင်းဖြစ်ရသည်။
: ကလေးရယ်... ကိုယ် မင်းကို ဆုံးရှုံးရမှာ... အခြားသူရင်ခွင်ထဲရောက်သွားမှာ စိုးရိမ်လို့ပါ... ကိုယ့်ရဲ့အတ္တကြီးတဲ့ အချစ်ကို မင်းနားလည်ပေးပါ...:
YOU ARE READING
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfiction#Nyongtory #Bigbang #Gri #suyihan