Next Step 🐲💙🐼
Episode (15) Trick 😎
" ရား... Dae Saung... မင်း မျက်နှာက ငါ့ဘက်လှည့်လေ... ဘယ်ကိုကြည့်နေတာလဲ..."
Jiyong ခပ်တိုးတိုးလှမ်းပြောလိုက်သည့်ကို မျက်နှာ မသာမယာဖြစ်နေသူ Dae Saung က...
" Hyung ကသာ ကင်မရာကို မျက်နှာမမူပဲ အငယ်လေးရှိတဲ့ဘက်ကို လှည့်နေပြီးတော့..."
ဘယ်ကတည်းက မကျေနပ်မှန်းမသိသော Dae Saung ပြောရင်လည်း မိမိ ခံရမည်ပင်။
ဘေးမှ ဓာတ်ပုံရိုက်ကူးနေသည့် စီနီယာ Se7en နှင့် Seungri တို့ကြောင့် Jiyongမှာ ထိုမြင်ကွင်းရှိရာ နေရာမှ မျက်နှာပင် ပြန်မလှည့်နိုင်ပေ။
" အေးပါကွာ... မင်းကပဲ ဒီက အကိုကို သနားသောအားဖြင့် ငါ့ဘက်ကို လှည့်ပေးပါနော်..."
တောင်းတောင်းပန်ပန်ပြောလေတော့မှ Dae Saung က နှုတ်ခမ်းနီများ ရဲပလောင်းခက်အောင် ဆိုးထားသည့် သူ့နှုတ်ခမ်းကို မပွင့်တပွင့်ဟကာ ပို့စ်ပေးလေဧ။်။
: သည်းခံစမ်း Kwon Jiyong ရေ... မင်းအပြစ်နဲ့ မင်းပဲဟေ့...:
တစ်နာရီကျော်ကျော်ကြာပြီးချိန်၌ ရိုက်ကူးမှု ပြီးဆုံးသွားလေသည်မို့ Jiyong အခုမှပဲ သက်ပြင်းချနိုင်လေတော့သည်။
ကိုးရီးယားရိုးရာဝတ်စုံနှင့် ချစ်စရာကောင်းနေသော အငယ်လေးဧ။်လက်ကို အသာလှမ်းဆွဲလိုက်ပြီး...
" Ri... အခုလိုလေးဝတ်ထားတုန်း အမှတ်တရ ဓာတ်ပုံရိုက်ထားကြရအောင်..."
စိတ်ပျော်နေလို့လားမသိပေ။ ခေါင်းညိတ်ပြကာ လက်ခံလိုက်သည့်အတွက် Jiyong အပျော်လွန်ကာ ဖုန်းကို ဖွင့်၍ ဓာတ်ပုံရိုက်ရန်ပြင်လိုက်တော့...
" Hyung ကျွန်တော်လည်း အတူရိုက်မယ်လေ..."
မလိုက်မသိလွန်းသည့် Dae Saung ကို မျက်မှောင်ကြုတ်ပြလိုက်ရင်း...
" နောက်မှ အတူရိုက်မယ်... အခုတော့ အငယ်လေးနဲ့ ရိုက်ပါရစေဦး..."
ပြောရင်းဖြင့် ထိုကလေး စိတ်မပြောင်းခင် အလျင်အမြန်ပင် ဓာတ်ပုံရိုက်လိုက်ရဧ။်။
ထို့နောက် အကူအညီတောင်းထားရသည့်မျက်နှာဖြင့် Dae Saung စိတ်ကျေနပ်စေရန်...
YOU ARE READING
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfiction#Nyongtory #Bigbang #Gri #suyihan