Next Step 🐲💙🐼
Episode (7) Miss you 👨❤️💋👨
" ကိုယ်မှာ မင်းရှိတာမို့... ဒါဆို လုံလောက်နေပါပြီ..."
Hyung ပြောတဲ့ ဒီစကားလေးတစ်ခွန်းကြောင့် ကျွန်တော့်တို့ဝေးနေကြတဲ့ ကာလမှာ အားတင်းပြီး နေမိတယ်။
❤
💙
❤
💙အတူပျော်မြူးခဲ့ကြတဲ့ အားလပ်ရက်တွေ ကုန်လွန်ပြီးနောက် Solo Album ထွက်ဖို့အတွက် အလုပ်များနေတဲ့ G-dragon က အဆောင်ကိုပင် ညပြန်မအိပ်နိုင်တော့ပေ။
ပုံမှန် လေ့ကျင့်ရေးနှင့် ကြို့ကြားကြို့ကြားရိုက်ကူးရေးတို့ကလွဲပြီး ကျန်တဲ့ အားလပ်နေချိန်တွေဆို မိမိမှာ တယောက်တည်း။
ကျန်အကိုများကလည်း သူ့ Schedule နဲ့ သူတို့ အလုပ်များနေကြတယ်လေ။
အိပ်ရာထက်လှဲလျောင်းပြီး ဘေးမှနေရာလွတ်လေးကို ငေးကြည့်ကာ Leader Kwon ကို လွမ်းနေမိသည့်အချိန်တွေက မိမိအတွက် ငရဲလိုပင်။
ရင်ထဲပူလောင်နေမိတယ်... သတိရလို့ စာတွေလှမ်းပို့တော့လည်း Seen ပြပြီး reply (ပြန်စာ) ကရောက်မလာပေ။
G-dragonဧ။် ခေါင်းအုံးကို လက်သီးဖြင့်အသာထိုးလိုက်ရင်း...
" နေနိုင်လိုက်တာ Hyungရာ...ပြောတော့ အငယ်လေးရဲ့ အသံကို မကြားရရင် တနေ့လုံး နေမပျော်ပါဘူးဆို...အခုတော့ ကျွန်တော့်ကို လှည့်စားခဲ့တာလား..."
သူကြောက်နေမိတယ်... Solo Album အတွက် Recording လုပ်နေတဲ့ ချစ်သူကို သူ့လို ဘာမှမဟုတ်သေးတဲ့ အငယ်ဆုံးလေးက သွားတွေ့ခွင့်မရှိတာမို့...G-dragon သူ့ကို မေ့သွားမှာကို စိုးရိမ်မိဧ။်။
အလွမ်းတွေကို ရင်ထဲတပွေ့ကြီး သယ်ဆောင်ထားရတော့ တကယ့်ကို မွန်းကြပ်လွန်းတယ်ဗျာ...
စိတ်မကြည်လင်မှုတွေကို ခေါင်းအုံးကိုသာ ပုံအောပြီး ထိုးနေမိပေမယ့် ရင်ထဲက နာကျင်မှုက လျော့ကျမသွားပေ။
ထို့ကြောင့် ရန်ရှာရင်း ထိုးနေမိသည်ကို ရပ်တန့်လိုက်ပြီး ချစ်သူဧ။် အငွေ့အသက်တွေ ယစ်လွှမ်းနေသည့် အနှီခေါင်းအုံးကို ပြန်လည်ပွေ့ပိုက်ကာ နမ်းရှုံ့လျက်...
ESTÁS LEYENDO
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfic#Nyongtory #Bigbang #Gri #suyihan