Episode-12

2.8K 201 2
                                    

Unicode

"အစ်မတို့က နောက်တစ်ခေါက်ထပ်စီးဦးမလို့လား?''

ကောင်လေးရဲ့မေးသံအဆုံးမှာ Jayက
အလန့်တကြားထပြောသည်။

"ဟာ..မစီးဘူး မစီးဘူး''

Jayရဲ့အသံက သာမာန်ထက်ပိုကျယ်သွားတာကြောင့် ဘေးနားက လူတွေက
သူတို့ကိုဝိုင်းကြည့်လာကြသည်။

"လာ  လာ သွားကြရအောင်''

Jayကြည့်ရတာ ရဟတ်ကို အတော်လန့်သွားပုံပဲ။ ဝတီ့ကိုလက်ကောက်ဝတ်ကနေ ကိုင်ဆွဲကာ အမြန်ဆင်းလာလိုက်၏။

ဝတီသူ့ကိုကြည့်ရင်း မထိန်းနိုင်စွာ
ရယ်လိုက်မိသည်။ အရင်က သူမြင်ဖူးတဲ့Jayဆိုတာ သိပ်ကို တည်တ့ံပြီး
မျက်နှာကြောတင်းသူမဟုတ်ပါလား။

ဒီနေ့ကျတော့ ကြောက်နေလိုက်ပုံများ
သူမဟုတ်တဲ့အတိုင်းပဲ။

"ပြောတော့ မကြောက်ဖူးဆို?''

ဝတီ့ရဲ့လျှပ်တပြက်အမေးကြောင့်
Jayရှက်ရမ်းရမ်းသွားကာ

"အာ..ဟို..မ...မကြောက်ပါဘူး
နည်းနည်းလန့်ရုံပဲ''

ဝတီ Jayဖြစ်နေပုံကိုကြည့်ပြီး မချိုမချဥ်မျက်နှာပေးဖြင့်

"ကြောက်ရင်ကြောက်တယ်ပေါ့''

"မကြောက်ပါဘူးဆို။ မင်းဘာစားမလဲ?''

"အင်.....ငှက်သိုက်မုန့်စားမယ်''

"ငှက်သိုက်မုန့်? ဘယ်မှာလဲ စားလို့ကောင်းလို့လား''

"စားကြည့်လေ..လာ လိုက်ခဲ့''

ငှက်သိုက်မုန့်ရောင်းနေသော
ဦးလေးဆီ ဝတီပြေးသွားတော့
Jayက နောက်က ပြေးလိုက်လာ၏။

"ဦးလေး ငှက်သိုက်မုန့်နှစ်ခုပေးပါ''

ပိုက်ချောင်းလေးမှာ တုတ်ကလေးတွေနဲ့စိုက်ထားသော ငှက်သိုက်မုန့်လေးနှစ်ခုကို ဖြုတ်ပေးလိုက်ပြီး ပိုက်ဆံရှင်းကာ ထွက်လာလိုက်သည်။

"ရော့...စားကြည့်''

Jayကိုတစ်ခုကမ်းပေးကာ ဝတီ့ သူ့လက်ထဲက ငှက်သိုက်မုန့်ကို လက်ညိုးနဲ့လက်မကို သုံးပြီး ပါးစပ်ထဲထည့်ကာ
တမြုံ့မြုံ့ဝါးနေသည်။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now