Unicode
အိမ်ထဲလှမ်းဝင်လိုက်သည်နှင့်
ဧည့်ခန်းမှာထိုင်စောင့်နေကြသော
ဖေဖေတု့ိကို တွေ့လိုက်ရသည်။လက်ကိုင်အိတ်ကို ဆိုဖာပေါ်တင်ရင်း
ဖေဖေတို့နှင့် မျက်နှာချင်းဆိုင်ဆိုဖာတွင် ဝင်ထိုင်လိုက်၏။အဖိုးကတော့ စားပွဲထိပ်က ခုံမှာထိုင်နေပေမဲ့ ယွန်းလေးကိုတော့ မတွေ့။
"အလုပ်ကိစ္စတွေ အဆင်ပြေရဲ့လား Jay? "
"ပြေပါတယ် ဖေဖေ ဖေဖေတို့ရော နေကောင်းကြတယ်မလား''
"တစ်နှစ်နေလို့ အိမ်ကိုတစ်ခါပြန်မလာဘဲ ခုမှနေကောင်းလားတွေ လာလောကွတ်ချော်မနေနဲ့။ တစ်ခါတလေလေး
အိမ်ကိုပြန်လာဖို့ စဥ်းစားဦး။ ကိုယ့်မိဘတွေ တစ်ခုခုဖြစ်နေရင်တော့
သိမှာမဟုတ်ဘူး''Jayကို တွေ့လိုက်တာနဲ့ စကားကို အကောင်းမပြောတဲ့အမေ့ကို Jayစိတ်ကုန်စွာ တစ်ချက်လှမ်းကြည့်ရင်း
"စိတ်ချပါ အမေ့ချွေးမလေးနဲ့ အိမ်ကို
တစ်ခါလောက်တော့ ရောက်အောင် လာဦးမယ်''"ဘာ...ချွေးမ ဟုတ်လား? ဘယ်ကချွေးမလဲ အဖေ Jayဘာတွေ မွှေထား
ပြန်ပြီလဲ?''"စိတ်အေးအေးထားပါ သမီးရယ်။
Jayက ကလေးမှ မဟုတ်တော့တာ။
သူဆုံးဖြတ်တတ်နေပါပြီ''"ခဏနော် ''
Jayက ထိုင်နေရာက ထသွားပြီး
အပေါ်ထပ်ဆီတက်လာတော့
လှေကားထိပ်လေးမှာ ဆောင့်ကြောင့်ထိုင်ရင်း ခိုးနားထောင်နေတဲ့ ယွန်းလေး။"လာ...ယွန်းလေး''
ယွန်းလေးရဲ့လက်ကို ဆွဲကာ ဧည့်ခန်းထဲကို ပြန်လျှောက်လာလိုက်သည်။
"ထိုင်..''
ယွန်းလေးကို သူ့ဘေးမှာ နေရာချပေးရင်း သူကိုယ်တိုင်လည်း ဝင်ထိုင်လိုက်၏။
ဖေဖေတို့ကတော့ သူလုပ်သမျှ မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။
"မိတ်ဆက်ပေးရဦးမယ်။ ဒါ Jayရဲ့ ဇနီး
စောယွန်းဝတီတဲ့။ မေမေမှတ်မိမှာပါ''မေမေက ယွန်းလေးကို ထိတ်လန့်စွာ
ကြည့်ရင်း Jayဆီ ဒေါသတွေနဲ့ တစ်ဖန်
ကြည့်လာသည်။ ဖေဖေကတော့ ခေါင်းကိုသာ ခါရင်း ဘာမှဝင်မပြော။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
RandomInto your life without my permission Forced import Only when I really feel love You left You are so selfish JAY