Episode-13

2.6K 180 0
                                    

Unicode

"ချစ်တယ်...Jayကို ချစ်တယ်''

တိုးဖျော့ဖျော့စကားသံလေးက
လူကိုကြက်သီးဖြန်းခနဲထသွားစေသည်။

တိုးတိုးလေးပေမဲ့ နားနားကို ကပ်ပြောလိုက်သလို၊ ရင်ထဲလှိုက်ခနဲဝမ်းသာမှုက နှုတ်ခမ်းထက်မှာ အပြုံးလေးအဖြစ်နဲ့ လာထင်ဟပ်သည်။

"ကိုယ်လည်းမင်းကို အရမ်းချစ်တယ်
ယွန်းလေး''

ဝတီ့မျက်လုံးလေးတွေက ကြယ်လေးတွေလို တောက်ပကာ
ဝိုင်းစက်သွားသည်။

"ဘာလို့ ယွန်းလေးလို့ခေါ်တာလဲ''

"နောက်တော့ရှင်းပြမယ်။ ခုတော့
ကိုယ်မင်းကိုနမ်းလို့ရမလား?''

အ့ံသြဟန်အပြည့်နဲ့သူမလေးကို ကြည့်ရင်း Jayအသည်းတယားယားဖြစ်နေပြီ။ မထိန်းနိုင်တော့ဘူး။

ခွင့်ပြုချက်မရသေးခင်မှာပဲ
ယွန်းလေးရဲ့ခါးသွယ်သွယ်လေးကို
ဆွဲဖက်ကာ နှုတ်ခမ်းသားတို့ကို စုပ်ယူနမ်းရှိုက်ပစ်လိုက်သည်။

အစကတော့ ဝတီကြောင်အစွာ မျက်လုံးပြူးနေမိပေမဲ့ နောက်တော့
သူ့ရဲ့အနမ်းတွေကြားစီးမျောရင်း
မျက်လုံးတို့ကိုမှိတ်ချကာ
လည်တိုင်ဆီ သူမရဲ့လက်တို့ကို
သွယ်ယှက်လို့ အနမ်းတို့ကို တု့ံပြန်နေမိသည်။

မိနစ်အတော်ကြာထိ နမ်းပြီးချိန်မှာတော့ အနမ်းတို့ကိုရပ်တန့်ကာ
တစ်ယောက်ကိုတစ်ယောက် မြတ်နိုးစွာ
ကြည့်နေကြပြန်၏။

"ထပ်နမ်းချင်သေးတယ်''

နှုတ်ခမ်းလေးကိုလျှာနဲ့သပ်ကာ
ကလေးလေးတစ်ယောက်လို ပြောလာတဲ့ဝတီ့ကြောင့် Jayသဘောကျစွာ
ရယ်လိုက်ရင်း နှုတ်ခမ်းတို့ကို
တဖန်ဖိကပ်ပစ်လိုက်သည်။
              ~~~~~~~~~~~~~~

စာရင်းပုံကြားထဲခေါင်းရှုပ်နေချိန်
တံခါးလာခေါက်သံကြောင့်

"ဝင်ခဲ့''

Jayရဲ့ခွင့်ပြုချက်ရသည်နှင့် တံခါးကိုတွန်းဖွင့်ဝင်လာသော ဦးကျော်နိုင်။

"ဘာကိစ္စလဲ?''

"အပြင်မှာ ဧည့်သည်ရောက်နေပါတယ်
Bossကိုတွေ့ချင်တယ်ဆိုလို့''

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now