Unicode
DJသံတွေနဲ့ မီးရောင်တဖျက်ဖျက်ကြား
ထောင့်ကျကျစားပွဲဝိုင်းတစ်ခုမှာ
Jayတစ်ယောက်တည်း လာသောက်နေသည်။စိတ်ညစ်ညစ်နဲ့ သောက်နေမိတာ
စားပွဲပေါ် beerဘူးခွံတွေအတော်များများပုံနေပြီ။ယွန်းလေးက သူ့ကိုတစ်ခုခုအထင်လွဲနေပုံပဲ။
တခြားမိန်းမတစ်ယောက်ကိုနမ်းခဲ့တဲ့နှုတ်ခမ်းဆိုတာဘာကိုပြောတာလဲ?
ကျစ်! ဘုရားစူးရပါစေရဲ့
သူယွန်းလေးကလွဲပြီး ဘယ်မိန်းမနဲ့မှ
မဖောက်ပြားခဲ့ပါ။"ဘာလို့လဲ ယွန်းလေးရဲ့ ဘာလို့ခုလိုရက်စက်ရတာလဲ ဟင့်''
Jayပါးစပ်က ခပ်တိုးတိုးရွတ်ရင်း
စားပွဲပေါ် ခေါင်းမှောက်သွားတော့၏။
~~~~~~~~~~~~~~"ရော့ သမီး စား''
ရှေ့ကိုထမင်းပန်းကန်လာချပေးပေမဲ့
ဝတီဘာဆိုဘာမှစားချင်စိတ်မရှိ။"Jayနဲ့ ဘာဖြစ်လာတာလဲ?
ဦးလေးတို့ကိုပြောပါဦးကွယ်''ဝတီခေါင်းအသာယမ်းပြရင်း
"ဘာမှမဖြစ်ပါဘူး ဦးလေးရယ်
သမီးဦးလေးတို့ကိုသတိရလို့လာနေတာပါ''"ကဲပါ မပြောချင်လဲမပြောနဲ့တော့
ဦးလေးတို့အိမ်မှာ သမီးပျော်သလောက်နေ။ ရော့ ဒီမှာ သမီးကြိုက်တဲ့ ငါးကြော်ကိုငရုတ်သီးစပ်စပ်လေးနဲ့ပြန်ကြော်ထားတာ''ပန်းကန်ထဲခပ်ထည့်ပေးသော ငါးကြော်ကို စိတ်မပါစွာ ဇွန်းနဲ့ထိုးခပ်စားလိုက်သည်။
"အား...စပ်လိုက်တာ''
နှုတ်ခမ်းကပေါက်နေတဲ့ဒဏ်ရာဆီငရုတ်သီးနဲ့ထိမိတော့ ဖျင်းခနဲ။
"တော်တော်စပ်သွားလား ရော့ ရော့
ရေသောက်လိုက်''အဒေါ်ကရေခပ်ပေးလာတာကြောင့်
မော့သောက်လိုက်တော့မှ အစပ်ပြေသွားသည်။မကောင်းတဲ့မိန်းမ....သူ့ကြောင့် ထမင်းတောင်အကောင်းစားလို့မရဖြစ်နေရတာ။
သူ့အကြောင်းတွေးမိပြန်တော့
မျက်ရည်တွေက ဝဲတက်လာပြန်သည်။"သမီးတော်ပြီ ဦးလေး''
"ဟေ ဘာမှလဲမစားပါလား သမီးရဲ့''
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
RandomInto your life without my permission Forced import Only when I really feel love You left You are so selfish JAY