Episode-18

2.3K 167 0
                                    

Unicode

ညရဲ့လရောင်က ကမ်းခြေပေါ်ဖြာကျနေသည်။

လှိုင်းသံတဝုန်းဝုန်းနဲ့အတူ လေတိုးသံတွေက အဆက်မပြတ်။

ဘန်ဂလိုရဲ့ ဝရန်တာလေးမှာ
သူတို့နှစ်ဦး ထွက်ထိုင်ရင်း
ညရဲ့အလှကို အကြောင်းမရှိစွာငေးမောနေမိကြသည်။

"Jay''

ရင်ခွင်ထဲက ကလေးလေးရဲ့ခေါ်သံကြောင့် Jayငု့ံကြည့်လိုက်ပြီး

"ပြောလေ ကလေး''

"Jayနဲ့ ဝတီတို့ ငယ်ငယ်က တွေ့ဖူးတယ်ဆို။ အဲ့တာဟုတ်လား?''

Jayမျက်ခုံးတွေ အနည်းငယ်တွန့်ကွေးသွားသည်။

"ကလေး တကယ်မမှတ်မိတာလား? "

မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းညိတ်ပြလာသည်။

"ကိုယ်တောင် မှတ်မိနေရဲ့သားနဲ့
ကလေးကဘာလို့မမှတ်မိရတာလဲ''

"ဝတီ အမှန်တိုင်းပြောမယ်နော်
တကယ်တော့လေ ဝတီကားaccidentကြောင့် ဟိုးငယ်ငယ်ကမှတ်ဉာဏ်တွေကို သတိမရတော့ဘူး''

"ဘယ်လို! ကလေး..ကလေး ကားaccidentဖြစ်ခဲ့တာလား။ ကိုယ်တကယ်မသိခဲ့ဘူး''

"အင်း...အဲ့ဒါကြောင့် Jayပြောတာတွေ
ဝတီတစ်ခုမှ မမှတ်မိတာပါ''

"ကလေးရယ်....''

ဆံနွယ်တွေကို သပ်တင်ပေးရင်း
နားထင်ကိုခပ်ဖွဖွလာနမ်းလေသည်။

"ဒါတွေကို ကလေးမမှတ်မိလည်း
ကိစ္စမရှိပါဘူး။ အဓိကက ကလေးကိုယ့်ကို ချစ်နေဖို့ပဲ အရေးကြီးတာ''

"နောက်ပြီး တစ်ခုမေးစရာရှိသေးတယ်
ဘာလို့ ဝတီ့ကိုအတင်းလက်ထပ်ယူခဲ့တာလဲ?''

"အဟင်း....စိုးရိမ်လို့လေ။
ဝတီ့ကို မိုးထက်မာန်ဆိုတဲ့တစ်​ယောက်က တစ်ဖတ်သက်ချစ်နေတာဆို။
တော်ကြာ ကလေးသူ့ကိုလက်ခံလိုက်မှာစိုးလို့ ကိုယ်ကလေးကိုဆုံးရှုံးရမှာကြောက်လို့ ဒါကြောင့် ကိုယ်ခုလိုလုပ်လိုက်ရတာ။ ကိုယ့်ကိုခွင့်လွှတ်ပေးနော်''

"သွားပါ ယူပဲယူပြီးနေပြီ ခုမှလာတောင်းပန်မနေနဲ့''

"ဟား...ဟား...စိတ်ချပါကလေးရယ်
ကလေးကို ကိုယ်စိတ်ချမ်းသာအောင်ထားမှာပါ။ သိတယ်မလား ကိုယ်ကလေးကိုဘယ်လောက်ချစ်တယ်ဆိုတာ''

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now