Unicode
"ဘယ်လို?''
"ဟုတ်တယ် ဝတီ။ Jay Hanနဲ့
မေသွန်းခတို့က သာမာန်သူငယ်ချင်းအဆင့်ထက် ပိုခဲ့ကြဖူးတယ်''ကြားလိုက်ရသည့်စကားက ယုံနိုင်စရာမရှိ။ သူမခေါင်းထဲထူပူသွားရသလို
အရင်ကတည်းက အစပြုနေတဲ့ ဒေါသက မီးတောက်လို ကြီးထွားလာသည်။"ဝတီ...ဝတီ့ကို သေချာရှင်းပြပေးမလား''
"အင်း..ကိုယ်ပြောပြမှာပါ။
မေသွန်းခတို့ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့က သူတို့သူငယ်ချင်းတစ်စု
Clubမှာ အတူကဲခဲ့ကြတယ်။
Jay Hanလဲပါတာပေါ့။ Clubကိုလာတယ်ဆိုမှတော့ အသောက်အစားကတော့ မပါပဲနေမလား။ မေသွန်းခက
တခြားတစ်ခုခုပဲစားပေမဲ့ Jay Hanက
သူ့ကိုဝိုင်တစ်ခွက်လာတိုက်တယ်။
သိတဲ့အတိုင်း မေသွန်းခက Jay Hanကိုကြိုက်နေတဲ့သူဆိုတော့ သူမငြင်းဘဲ
သောက်လိုက်ရာကနေ ပြဿနာကစတာပဲ''ထက်မာန်ဆက်ပြောလာမည့်အကြောင်းအရာကို သူမစိတ်ဝင်စားစွာ
နားထောင်နေလိုက်သည်။"အဲ့ဝိုင်ခွက်ထဲမှာ စိတ်ကြွဆေးတချို့ထည့်ထားပုံပဲ။ မေသွန်းခလဲ
ကိုယ်နဲ့အရမ်းရင်းနှီးတဲ့သူမို့သာ
ပြောပြတာပါ။ တခြားဘယ်သူမှဒီကိစ္စကိုမသိဘူး။ သူပြောတယ်
အဲ့ဝိုင်ခွက်ကိုသောက်ပြီးခဏနေတာနဲ့
ခန္ဓာတစ်ခုလုံးပူလာတယ်။ ဝတီလဲ
ခေတ်လူငယ်ဆိုတော့ ဒီဆေးမျိုးက
ဘယ်လိုနေရာမှာ အသုံးချလဲဆိုတာ
ဝတီလဲသိမှာပါ။ ကိုယ်လဲသိရရချင်းတုန်းက Jay Hanကို အတော်လေးမုန်းသွားတယ်။ မေသွန်းခအတွက်လဲ တကယ်စိတ်မကောင်းဘူး။
ဆက်ပြောရရင်တော့ မေသွန်းခအဲ့လိုဖြစ်နေတဲ့အချိန် Jay Hanက အိပ်ခန်းတစ်ခုဆီခေါ်သွားပြီး.....''!ချလွင်!
ဝတီလက်ထဲက ဇွန်းနဲ့ခရင်းက ပန်းကန်ပြားပေါ် အထိန်းအကွပ်မဲ့စွာ
ပြုတ်ကျသွားသည်။သူမဆက်နားမထောင်ရဲတော့။
သူ...သူက ဒီလိုရွံစရာကောင်းတဲ့လူတစ်ယောက်မှန်း တကယ်မသိခဲ့တာ။မျက်ဝန်းတွေထဲ ပြည့်လျှံလာသော
မျက်ရည်တို့က ပါးပြင်ပေါ်လိမ့်ဆင်းလာသည်။"ဝတီ ဝတီအဆင်ပြေရဲ့လား?''
သူမ အသံတောင်မထွက်ဘဲ မျက်ရည်တွေကသာ တစ်ပေါက်ပေါက်ကျလို့နေသည်။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
RandomInto your life without my permission Forced import Only when I really feel love You left You are so selfish JAY