Episode-15

2.8K 185 2
                                    

Unicode

တီတီတာတာ ငှက်သံလေးများနဲ့
နေခြည်နွေးနွေးကြောင့် ဝတီမျက်လုံးတို့ အသာအယာဖွင့်လိုက်သည်။

ဘေးနားက ရင်ခွင်ကျယ်ကြီးကို မြင်တော့ မနေ့ညက အဖြစ်အပျက်တို့ကို
ပြန်သတိရကာ မျက်နှာလေးရဲခနဲ
ဖြစ်သွားပြီး Jayကို မော့ကြည့်လိုက်သည်။

စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကြောင့် ရင်ထဲထိတ်ခနဲ ဖြစ်သွားကာ
အရှက်ကြီးစွာဖြင့် အိပ်ရာပေါ်မှ ထပြေးမည်ကြံတော့ ခါးကနေ လှမ်းဆွဲထားသည့် လက်အစုံကြောင့်
သူ့ရင်ခွင်ထဲ ပြိုလဲကျသည်။

"ဘယ်ကိုပြေးမလို့လဲ ဟမ်?''

"ဟို...ဟို''

လက်ညှိုးလေးတောင်ထိုးမြောက်ထိုးဖြင့် ဝေ့လည်ကြောင်ပတ်လုပ်နေသော ကောင်မလေးကိုကြည့်ရင်း Jay ကိုက်ဆွဲပစ်ချင်စိတ်ကို ထိန်းနေရသည်။

ရင်ခွင်ထဲလှဲနေသော ကောင်မလေးကို
ကုတင်ပေါ် ဆွဲလှဲချရင်း အပေါ်မှ အုပ်မိုးကာ သူမရဲ့ မျက်ဝန်းတွေဆီ တစိုက်မတ်မတ်ကြည့်ပစ်လိုက်သည်။

ပြန်လည်မော့ကြည့်လာသော မျက်ဝန်းတွေကို ငေးကြည့်ကာ သူမရဲ့လက်ဖဝါးလေးနှစ်ဖက်ကို ကုတင်ပေါ်မှာ ချုပ်ထားရင်း မျက်နှာနားတိုးကပ်သွားတော့ မျက်လုံးတွေကို အတင်းမှိတ်ထားသော ကောင်မလေး။

နှုတ်ခမ်းကို တွန့်ရုံလေးပြုံးကာ
နားနားကပ်ကာ ခပ်တိုးတိုးဆိုလိုက်သည်။

"ဘာတွေလျှောက်တွေးနေတာလဲ
မျက်နှာသစ်ဖို့ သွားတော့မယ်နော်''

မျက်လုံးတွေအတင်းစွတ်မှိတ်နေသော
ကောင်မလေးကို အားရအောင်စ နောက်ပြီး ကုတင်ပေါ်မှဆင်းလာတော့
အနောက်ကကောင်မလေးက

"အာ...လူဆိုးမ သူများကို ''

ခေါင်းဦးနဲ့ လှမ်းပေါက်ရင်း ရှက်ရွံစွာဆိုနေသော ကောင်မလေးကို ကြည့်ရင်း တဟားဟားအော်ရယ်မိသည်။

အားရအောင် ရယ်ပြီးမှ Jayလက်တစ်ဖက်ကို ကမ်းပေးရင်း

"လာ...ထ မျက်နှာသစ်ကြမယ်''

"လာမခေါ်နဲ့... မလိုက်ဘူး''

နှုတ်ခမ်းလေးကို စူကာ စိတ်ကောက်ပြနေသော ကောင်မလေးကို သူကြည်နူးစွာကြည့်သည်။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now