Episode-1

8.3K 290 0
                                    

Unicode

ညနေ နေဝင်ချိန်လေးမှာ
ငှက်ကလေးတွေက အိပ်တန်းတက်ဖို့
ဟိုဟိုဒီိဒီ ကူးလူးပျံသန်းသွားကြသည်။

နေဝင်သွားပြီးချိန်ဖြစ်တာကြောင့်
ကောင်းကင်တစ်ခွင်က ပုစွန်ဆီရောင်
သမ်းကာ လှချင်တိုင်းလှနေသည်။

လူနေထူထပ်တဲ့ ရန်ကုန်မြို့ပြကြီးရဲ့
လမ်းမပေါ်မှာ ဥဒဟို သွားလာလှုပ်ရှားနေကြသော ကားတွေ လူတွေကိုကြည့်ရသည်မှာ ပင်ပန်းလှသည်။

လမ်းမထက်က လမ်းမီးတိုင်များက
​ှေမှာင်စပျိုးလာတာနဲ့ လမ်းမတွေထက်
အလင်းဖြန့်ကျက်ပေးနေကြ၏။

လူနှစ်ယောက်သုံးယောက်သာပါတဲ့
Bus ကားထက်မှာ စကားသံတချို့တလေကလွဲလို့ ကျန်တာ မကြားရ။

စောယွန်းဝတီတစ်ယောက်ကတော့
သူရဲ့အိမ်ပြန်လမ်းမှာ ပြုလုပ်နေကျ
အပြုအမူအတိုင်း ကားမှန်ကို
ခေါင်းမှီကာ ရန်ကုန်မြို့ကြီးရဲ့ ညနေဆည်းဆာကို စိတ်မပါစွာ ကြည့်ရင်း
လိုက်ပါလာသည်။

သူမက ဆယ်တန်းမှာ ဂုဏ်ထူးနှစ်ဘာသာနဲ့အောင်ပြီး ခုရန်ကုန်တက္ကသိုလ်မှာ တတိယနှစ် အင်္ဂလိပ်မေဂျာကို တက်ရောက်လို့နေပြီ။

တကယ်ဆို သူမအမှတ်က YUFL မှီပါသည်။ သို့ပေမဲ့ ပိုက်ဆံမတတ်နိုင်တော့ ရိုးရိုးမေဂျာလေးတစ်ခုကိုပဲ
ရွေးချယ်ခဲ့သည်။

ခုလည်း သူမ စာသင်ပေးနေသည့်
ဆယ်တန်းကျူရှင်ဝိုင်းက ပြန်လာခြင်းဖြစ်သည်။

သူမဆီမှာ ဆယ်တန်းဝိုင်းက
လေးဝိုင်းရှိတာကြောင့် တက္ကသိုလ်တက်ဖို့နဲ့ သူမရဲ့ ကျူရှင်ခအတွက်
အတော်လေးအဆင်ပြေသည်။

မိဘတွေဆုံးသွားပြီးကတည်းက
ဦးလေးနဲ့အဒေါ်တို့အိမ်မှာ နေပြီး
ကိုယ့်ဘဝကိုယ်ရုန်းရသည်။

ငယ်ငယ်က ဘယ်လောက်ပဲ
​ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေခဲ့ရပေမဲ့ ခုချိန်မှာ သူမက
အရင်က စောယွန်းဝတီမဟုတ်တော့ဘူး။

မိဘတွေဆုံးတုန်းကဆို ဆောက်တည်ရာမရ ငိုကြွေးပြီး
ငါဘယ်လိုအသက်ရှင်ရမလဲဆိုတာကို
ကြောက်လန့်တကြားတွေးမိပေမဲ့

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now