Episode-4

2.7K 212 0
                                    

Unicode

ညနေစာ စားပြီးချိန် Jay အဘိုးနဲ့အတူ
စာဖတ်ခန်းထဲမှာ စကားပြောဖြစ်သည်။

အဘိုးက စာအုပ်တစ်အုပ်ကို လှန်လှောကြည့်နေရင်း

"Jay''

"ဟုတ် ပြောလေ အဘိုး''

"သမီးစောယွန်းဝတီကို အရမ်းချစ်သလား Jay?''

အဘိုးရဲ့ မေးခွန်းကြောင့် Jay နှူတ်ခမ်းတွေ ပြုံးယောင်သမ်းသွား၏။

"ဟုတ်တယ် Jay သူ့ကိုအရမ်းချစ်တယ်
အဘိုး။ Jay ငယ်ငယ်ကတည်းက Jay ကြီးလာရင် သူ့ကို လက်ထပ်မယ်လို့
ဆုံးဖြတ်ထားခဲ့တာ။ ခုတော့ Jay ဆန္ဒတွေပြည့်ခဲ့ပါပြီ။''

Jay ကစကားကိုခဏရပ်ကာ သက်ပြင်းရှည်ချရင်း စကားဆက်သည်။

"ဒါပေမဲ့ သူကမှ Jay ကိုမချစ်ဘဲ။
သူက Jay ကိုအရမ်းမုန်းနေတာလေ။
Jay ကသူ့ကိုငွေနဲ့သိမ်းပိုက်ခဲ့တယ်။
သူ့ဘဝကို ဖျက်ဆီးခဲ့တယ်ဆိုပြီးတော့လေ....''

"စိတ်ဓာတ်မကျပါနဲ့ မြေးရယ်...
မြေးအချစ်စစ်မှန်ရင် တစ်နေ့တော့
မြေးရဲ့အချစ်တွေကို သမီးဝတီ
မြင်နိုင်လာမှာပါ။ ဘာမှအားမငယ်နဲ့
သမီးဝတီက ​မြေးကို သေချာပေါက်
ပြန်ချစ်လာမယ်လို့ အဘိုးယုံကြည်တယ်''

"ကျေးဇူးတင်ပါတယ် အဘိုး။
Jay သူ့ကိုလက်လျှော့မှာမဟုတ်ဘူး။
သူ Jay ကိုပြန်ချစ်လာမယ့်နေ့ကို
Jay စိတ်ရှည်ရှည်နဲ့ စောင့်နေမှာ''

"ဒါမှ အဘိုးရဲ့ ​မြေး''

အဘိုးက Jay ရဲ့ဆံပင်တွေကို
အသာပွတ်သပ်ရင်း ဆိုသည်။

Jay အဘိုးကို ပွေ့ဖက်လိုက်၏။

"Jay အိပ်တော့မယ် အဘိုး။
အဘိုးလည်း တအားညဥ့်နက်နေမယ်နော်။ စောစောအိပ်''

"အဘိုးကို စိတ်မပူပါနဲ့ ။
မြေးလေးသာ အိပ်ပျော်အောင်အိပ်
ဟုတ်ပြီလား''

"ဟုတ်ကဲ့ အဘိုး။ Jay သွားတော့မယ်''

အဘိုးကို နှုတ်ဆက်ကာ Jay အခန်းရှိရာကို လျှောက်လာခဲ့၏။

Jayအခန်းဘေးနားက ဝတီအခန်းဘက်ကို လှည့်လာပြီး တံခါးခေါက်ဖို့
ပြင်လိုက်သည်။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now