Unicode
နောက်နေ့တွေကစလို့ Jay ယွန်းလေးနဲ့
တူတူ ညနေကျောင်းဆင်းချိန်တိုင်း
ကစားဖြစ်သည်။တဖြည်းဖြည်းကြာလာလေလေ
သူတို့နှစ်ဦးရဲ့ သံယောဇဥ်တွေက
ပိုတိုးလို့ ခိုင်မာလာခဲ့သည်။တစ်နေ့ ယွန်းလေး ကျောင်းက
သူငယ်ချင်းတစ်ယောက်ကို
အိမ်ခေါ်လာခဲ့သည်။သူနဲ့အတူ လာကစားတယ်လို့တော့
ပြောတာပဲ။ယွန်းလေး သူ့သူငယ်ချင်း လက်ကိုဆွဲကာ Jay တို့ ခြံရှေ့ကို ရောက်လာသည်။
"Jay ရေ Jay''
Jay ရဲ့နာမည်ကို အော်ခေါ်သံကြောင့်
အိပ်ရာပေါ် လှဲနေရာမှ Jay ဝမ်းသာအားရ အိမ်ရှေ့ကို ပြေးထွက်လာခဲ့သည်။အိမ်ရှေ့မှာ မြင်လိုက်ရတဲ့
ယွန်းလေးက ကောင်မလေးတစ်ယောက်ရဲ့လက်ကို ဆွဲလို့။ခုနက ရွှင်မြူးနေတဲ့ Jayရဲ့မျက်နှာက
ချက်ချင်းလိုလို သုန်မှုန်သွားသည်။"လာလေ Jay ဒီမှာ ငါ့သူငယ်ချင်းခေါ်လာတယ်။ တူတူကစားကြမယ်လေ''
ယွန်းလေးရဲ့ သူငယ်ချင်း ကောင်မလေးက သူ့ကိုပြုံးပြသည်။
Jay ကတော့ ခပ်ချေချေနဲ့ တစ်ချက်ပဲ
စိုက်ကြည့်ကာ မျက်နှာပြန်လှည့်သွားသည်။"သူ့နာမည်က မေမီခင်တဲ့ မေမီ သူက
Jay Han ''ယွန်းလေးက လူကြီးတစ်ယောက်သဖွယ် မိတ်ဆက်ပေးနေသည်။
လက်ချင်းချိတ်ထားတဲ့ ယွန်းလေးနဲ့
မေမီရဲ့ကြားထဲကို Jay အတင်းတိုးဝင်ပြီး ယွန်းလေးရဲ့လက်ကို ဆွဲကိုင်လိုက်သည်။"ဟဲ့ Jay ဘာလုပ်တာလဲ? အတင်းဝင်တိုးနေတယ်''
"နင့်နားမှာနေချင်လို့ပေါ့''
ယွန်းလေးက Jay ကိုကြည့်ရင်း
ခေါင်းတစ်ခါခါဖြင့်။နင့်ကိုတော့ မနိုင်ဘူးဆိုသည့်သဘော။
Jay ကလည်း ယွန်းလေးနဲ့ ပတ်သတ်လာရင် ဘယ်သူ့မျက်နှာကိုမှ မထောက်တတ်။Jay ကတော့ ဒါဟာ ဖြူစင်တဲ့
သူငယ်ချင်းအချစ်လို့ပဲ နာမည်တပ်ခဲ့မိသည်။
~~~~~~~~~~~~~~~

YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
De TodoInto your life without my permission Forced import Only when I really feel love You left You are so selfish JAY