Episode-7

2.5K 202 0
                                    

Unicode

စာကြည့်ခန်းထဲဝင်ကာ
ဟိုစာအုပ်ကြည့် ဒီစာအုပ်ကြည့်ရင်း
ဝတီ ပျင်းရိနေသည်။

အိမ်ကလူတွေကလည်း ကိုယ့်အလုပ်နဲ့
ကိုယ်ရှုပ်နေကြတော့ ကျောင်းလည်းမသွားရသည့် ဝတီက အိမ်ကြီးထဲ
ပျင်းစရာဖြစ်နေ၏။

စာကြည့်ခန်းထဲက ပြန်ထွက်လာပြီး
အောက်ထပ်ကိုဆင်းဖို့အတွက်
လှေကားရှိရာကို လျှောက်လာခဲ့သည်။

လှေကားရဲ့ဘယ်ဘက်ထောင့်လေးမှာ
အခန်းတစ်ခန်း။

"ဒီအခန်းအရင်ကလည်း မမြင်ဖူးပါဘူး''

ဝတီသိချင်စိတ်ဖြင့် အခန်းတံခါးကို
ဖွင့်ကာဝင်သွားလိုက်သည်။

အခန်းထဲမှာ နက်မှောင်ပြောင်လက်နေသည့် စန္ဒယားကြီးတစ်ခု။

လိုက်ကာစတွေချထားခြင်းကြောင့်
နေ့ခင်းဘက်ဖြစ်သော်ငြား
အခန်းကြီးက မှောင်ရိပ်ကျနေသည်။

အခန်းထဲကို ခပ်ဖြည်းဖြည်းလျှောက်ဝင်သွားကာ စန္ဒယားကြီးကို လက်ချောင်းလေးများနဲ့ ပွတ်ဆွဲကစားနေချိန်...

"မမလေး''

"ဪ...မိချို''

"မမလေးဒီအခန်းထဲကို ဘယ်လိုလုပ်ရောက်နေတာလဲ?''

"ငါလျှောက်ကြည့်ရင်း အခန်းတွေ့လို့ဝင်လာတာ။ ဒါနဲ့ ဒီစန္ဒယားကြီးက
ဘယ်သူတီးတာလဲ?''

"မမJayတီးတာလေ...''

"သူက စန္ဒယားတီးတတ်တယ်လား''

"မမလေးမကြားဖူးလို့နော်။
မမJayစန္ဒယားတီးတာ အရမ်းနားထောင်လို့ကောင်းတယ်''

"အင်......''

ဝတီနှုတ်ခမ်းကို မဲ့ကာ အထင်မကြီးသလို နေလိုက်သည်။

"မမJayက သူစန္ဒယားတီးနေချိန်
ဆူညံတာတို့ နှောင့်ယှက်တာတို့ဆို
အရမ်းမုန်းတာ။ မမJay စန္ဒယားတီးရင် ဘယ်သူ့ကိုမှ ဒီအခန်းထဲ ဝင်ခွင့်မပေးဘူး''

ဝတီခေါင်းလေးတညိတ်ညိတ်ဖြင့်
မိချိုပြောသမျှနားထောင်နေလိုက်သည်။

"ဒါနဲ့ နင်ကရော ဒီကိုဘာလာလုပ်တာလဲ?''

"မိချိုက အခန်းသန့်ရှင်းရေးလုပ်မလို့''

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now