Unicodeလမ်းထဲသို့ ဝင်လာသော
BENTLEY ကားနက်တစ်စီးကြောင့်
လမ်းထဲရှိ ကလေးများက
ကားဆီသို့ အကြည့်ရောက်လာကြသည်။ထိုကားနက်ကြီးက သစ်သားလုံးချင်းအိမ်လေးတစ်အိမ်ရဲ့ရှေ့မှာ ထိုးရပ်သွားသည်။
ထိုအိမ်ကတော့ စောယွန်းဝတီရဲ့ အဒေါ် ဒေါ်ငွေနှင်းတို့အိမ်ဖြစ်သည်။
ဧည့်ခန်းထဲတွင် ထိုင်နေသော
ဒေါ်ငွေနှင်းနှင့် ယောကျာ်းဖြစ်သူက
အိမ်ရှေ့မှ ကားသံကြောင့်
ခြံရှေ့ကို ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။ကားပေါ်မှ အသက်ငါးဆယ်အရွယ်
လူတစ်ဦးဆင်းလာပြီး ကားနောက်ခန်းတံခါးကိုဖွင့်ပေးလိုက်သည်။ကားနောက်ခန်းမှ အဖြူရောင်
အကင်္ျီလက်ရှည်နှင့် style pant နက်ပြာရောင်ကို သားနားစွာ
ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ဆင်းလာပြီးနေကာမျက်မှန်ကို ချွတ်ကာ
ဒေါ်ငွေနှင်းတို့ အိမ်ကို မျက်မှောင်ကြုတ်လျက် လှည့်ပတ်ကြည့်နေသည်။ခဏနေတော့ ထိုမိန်းခလေးက
ဒေါ်ငွေနှင်းတို့ အိမ်ထဲကိုဝင်ရောက်လာသည်။ငွေမက်သည့် ဒေါ်ငွေနှင်းက
Jay စီးလာသည့်ကားကို မြင်သည်နှင့်
ထိုင်ရာမှ အမြန်ထကာ
တံခါးကို လာဖွင့်ပေးသည်။"ဘာကိစ္စများ ရှိပါသလဲရှင့်''
"ဒီအိမ်က စောယွန်းဝတီရဲ့ အိမ်ဟုတ်ပါသလား?''
ဦးကျော်နိုင်က တရိုတသေ ေမးလိုက်သည်။
"ဟုတ်ပါတယ်ရှင်''
"ဪ...ကျွန်တော်တို့က ေစာယွန်းဝတီနဲ့ ပတ်သတ်ပြီး ပြောချင်တာလေး
ရှိလို့ပါ''"ဟုတ်ကဲ့...အိမ်ထဲကိုဝင်ပါဦးရှင်''
စောယွန်းဝတီ တစ်ယောက် ဘာပြသာနာတွေ ရှာထားတာများလဲဆိုပြီး
ဒေါ်ငွေနှင်းတစ်ယောက် စိုးရိမ်နေမိသည်။Jay ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်စွာ
အိမ်ထဲကို ကျော့ကျော့မော့မော့ ဝင်လာခဲ့သည်။Jay နဲ့ ဦးကျော်နိုင်တို့ အသီးသီးဝင်ထိုင်ပြီးနောက် ဒေါ်ငွေနှင်းက
စကားစသည်။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
RandomInto your life without my permission Forced import Only when I really feel love You left You are so selfish JAY