Episode-17

2.4K 172 2
                                    


Unicode

ဒီနေ့က အဖိုးရဲ့ အသက်၆၅နှစ်ပြည့်
မွေးနေ့ဖြစ်တာကြောင့် မနက်အစောကြီးကတည်းက ဘုန်းကြ​ီးငါးပါးပင့်ကာ တရားနာ ရေစက်ချပြီး
အခု အိမ်မှာ ဧည့်ခံကျွေးမွေးနေခြင်းဖြစ်သည်။

အသိမိတ်ဆွေတွေရော Jayရဲ့ရုံး​က ဝန်ထမ်းတွေရောပါဆိုတော့
မွေးနေ့ပွဲက အတိုင်းထက်အလွန်စည်ကားနေ၏။

ဖေဖေနဲ့မေမေ ပြီးတော့ မမကျော့ရှင်းခင်ပါ ရောက်နေတာမို့ မိသားစုစုံလင်နေသည်ပေါ့။

အဖိုးကတော့ မွေးနေ့ပွဲလာ မိတ်ဆွေတွေကို ဝမ်းပန်းတသာနဲ့
လိုက်လံ နှုတ်ဆက်ရင်း စကားစမြည်ပြောနေသည်။

Jayကတော့ ဘေးကချစ်ရသူလေးရဲ့ လက်ကိုဆုပ်ကိုင်ကာ သူ့ရုံးက ဝန်ထမ်းတွေကို ဧည့်ခံနေလေ၏။

မေမေကတော့ Jayနဲ့ ယွန်းလေးကို
ကြည့်ကာ ပိုကိုပိုလွန်းတယ်ဆိုပြီး
မကျေမချမ်း မျက်စောင်းထိုးနေသည်။

နေ့လည်ဆယ့်နှစ်နာရီကျော်တော့
လူတွေလည်းပြန်ကုန်ကြပြီမို့ အိမ်မှာခေါ်ထားတဲ့ အလုပ်သမားတွေကို
သိမ်းစရာရှိတာသိမ်းခိုင်းလိုက်ပြီး
Jayတို့မိသားစုဝင်တွေကတော့
အပေါ်ထပ်က ဧည်ခန်းထဲတွင်
ထိုင်ကာ ရောက်တတ်ရာရာ ပြောဆိုနေကြ၏။

"ညီမလေး Jay''

မမကျော့ရှင်းခင်က သူ့နာမည်ကိုခေါ်လာတာကြောင့် Jayမော့ကြည့်လိုက်သည်။

မမကတော့ အရင်ကလိုပဲမပြောင်းလဲပါဘူး။ တည်ငြိမ်ရင့်ကျက်ပြီး
မြန်မာဆန်ဆန်လှနေတုန်းပဲ။

"ပြောလေ မမ။ မမနဲ့တောင်မတွေ့ရတာ အတော်ကြာပြီ''

"တစ်ခါတလေလေး အိမ်ကိုပြန်လာခဲ့ပါဦးလား။ ပြီးတော့ ဟောဒီက ညီမလေးဝတီကိုပါ ခေါ်လာခဲ့လေ။
ညီမလေးအိမ်ကထွက်သွားပြီးကတည်း​က အိမ်ကိုပြန်မလာဖြစ်တာ နှစ်နဲ့ချီနေပြီ''

"အင်းပါ မမရယ်။ Jayတစ်ရက်လောက်တော့လာခဲ့ပါမယ်။ ခုက အလုပ်တွေကလည်း များနေတာကြောင့်ပါ''

"အင်းပါ။ ဒီကညီမလေးဝတီလည်း
လိုက်လာခဲ့နော်။ ညီမလေးအိမ်ထောင်ကျပြီးကတည်းက မမကဘယ်လိုလူမျိုးနဲ့လဲသိချင်နေတာ။
ညီမလေး မမကိုမမှတ်မိဘူးလား?''

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now