Episode-10

2.7K 202 0
                                    

ᴜɴɪᴄᴏᴅᴇ

ကလေးလေးတွေကို နေ့လည်စာကျွေးပြီးချိန်မှာ အဘိုးက ဂေဟာရဲ့အနောက်က ထိုင်ခုံလေးမှာ အေးအေးလူလူသွားထိုင်နေ၏။

ဦးကျော်နိုင်ကိုလည်း အဘိုးကို စောင့်ရှောက်လို့ရအောင် ထည့်ပေးလိုက်သည်။

Jayနဲ့ ဝတီတို့ကတော့ ကလေးတွေနဲ့ကစားရင်း အချိန်ဖြုန်းနေကြသည်။

"မမJay မမဝတီ''

ကလေးမလေးတစ်ဦးက လှမ်းခေါ်လိုက်တာကြောင့် ကလေးတွေရော
Jayနဲ့ ဝတီတို့ပါ ကလေးမလေးကို
ဝိုင်းကြည့်မိကြသည်။

"ပြောလေ..ဇူဇူး..''

"စိန်ပြေးတမ်းဆော့ကြမယ်''

"ဇူဇူးလေးက စိန်ပြေးတမ်းဆော့ချင်တာလား''

"ဟုတ်''

"ကောင်းပြီလေ...ကလေးတို့ရေ..
ဇူဇူးက စိန်ပြေးတမ်းဆော့ချင်တယ်တဲ့
အတူတူဆော့ကြမယ်နော်''

"ဟုတ်ကဲ့''

ကလေးတွေအားလုံးက တညီတညာ
တည်းထောက်ခံကြတာကြောင့်
စိန်ပြေးတမ်းဆော့ဖို့ ဆုံးဖြတ်လိုက်ကြသည်။

"ရေး...မိပြီ...မမရည်မွန်ကို မိပြီ''

ကလေးလေးက ရည်မွန့်အင်္ကျီစကို
ကိုင်ဆွဲရင်း ပျော်ရွှင်စွာ လှမ်းအော်သည်။

"ဒါဆို ရည်မွန် လိုက်ရမဲ့အလှည့်''

ရည်မွန်က မျက်နှာကြီးရှုံ့မဲ့ပြီး
လှမ်းအော်သည်။

"ဒါဆို ငါလိုက်ပြီနော်''

ရည်မွန်က ချက်ချင်းဆိုသလို ပြေးလိုက်သောကြောင့် ကလေးများကလဲ
ကြောက်လန့်တကြားအော်ဟစ်ပြေးလွှားကြ၏။

ထိုအချိန် ကလေးတစ်ယောက်က
Jayကို အရှိန်ပြင်းပြင်းဝင်တိုက်လိုက်တာကြောင့် သတိလက်လွတ်နဲ့
Jayဟာ သူ့ဘေးနားမှာရှိနေတဲ့
ဝတီ့ကိုယ်ပေါ်ကို လဲကျသွားသည်။

"အင့်..''

Jayမြင်နေရတာက ဝတီ့ရဲ့ မျက်နှာကို
အနီးကပ်ပင်။

မထူမပါးမျက်ခုံး၊ အရည်ကြည်တောက်ကာ ရွှန်းလဲ့နေသည့် မျက်ဝန်းတစ်စုံ၊ နှာတံဖြောင့်စင်းစင်းလေးနဲ့
ပွင့်အာနေတဲ့ နှုတ်ခမ်းပါးလေးက
အကြည့်မလွှဲနိုင်အောင် လှလွန်းသည်။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now