Unicode
အထဲကိုဝင်လိုက်တာနဲ့ ဆူညံနေတဲ့
DJသံတွေနဲ့အတူ စည်းချက်ညီညီ ကခုန်နေတဲ့ လူတွေကိုမြင်လိုက်ရသည်။"ဟဲ့ နင်..နင်တို့ပြောတော့ barဆို
ခုက night clubကြီး''ဝတီ့ရဲ့အလန့်တကြားပြောသံကြောင့်
ဘေးနားက သူငယ်ချင်းတွေက တဟားဟားရယ်နေကြသည်။"နင်တကယ် ရိုးတာပဲဟာ
Barဆိုတိုင်း အရက်သောက်တဲ့နေရာလို့ထင်နေတာလား''"ကဲပါဟာ...ဘာမှစိတ်ပူမနေနဲ့
လာ...ဒီနေ့ညတော့ အပီကဲကြမယ်''အားလုံးက တက်ကြွစွာ dancing floorဆီ ပြေးထွက်သွားကြသည်။
သရဖီက သူမလက်ကိုဆွဲကာ
အတင်းခေါ်လာသည်။မကချင်ဘူးဆိုပြီး ငြင်းလည်းမရ။
အတင်းချုပ်ပြီး ကခိုင်းနေပုံက
တခြားသူတွေမြင်ရင် တကယ်ရယ်ချင်စရာ။ဝတီလည်း သူတို့ရဲ့မဲဆွယ်မှုနဲ့ မကတတ် ကတတ်ကရာကနေ စိတ်ပါလာသည်။
DJနဲ့အတူ ယိမ်းထိုးကခုန်ရင်း
စိတ်တွေက လေဟာနယ်ထဲလွင့်သွားသလို လွတ်လပ်ပေါ့ပါးသွားသည်။နာရီဝက်နီးပါး ကခုန်ပြီး သူတို့လည်း
အနည်းငယ်မောနေတာကြောင့်
Barဆီလာပြီး သောက်စရာတွေ မှာလိုက်၏။"ဝတီ နင်ဘာသောက်မလဲ?''
"ရတယ်။ ငါအဲ့ဒါမျိုးတွေ မသောက်တတ်လို့''
"မရဘူးဟာ။ ဒီကိုလာမှတော့ မသောက်လို့မရဘူး။ လာစမ်းပါ
ငါနင့်အတွက် vodkaလေးမှာပေးမယ်နော်''တားလည်းမရမဲ့အတူတူ ခေါင်းသာညိတ်လိုက်သည်။
ခဏနေတော့ အရှေ့ကို
Vodkaတစ်ခွက်ရောက်လာသည်။"သောက်ကြည့်''
ဝတီမျက်နှာကြီးရှု့ံမဲ့ပြီး တစ်ငုံငုံလိုက်သည်။
"အား...ဘာအရသာကြီးလဲ?''
ပါးစပ်ထဲဝင်လာသော မနှစ်မြို့ဖွယ် အရသာကြီးကြောင့် ဝတီအလျင်အမြန်မျိုချလိုက်ရသည်။
ထွေးထုတ်လို့လည်းမဖြစ်။"အဲ့လောက်မဆိုးပါဘူးဟာ
နင်ကလည်း သောက်လိုက်နော်''ဒင်းတို့က သူတို့လည်းသောက်
ကိုယ့်ကိုလည်း မသောက်သောက်အောင် ဖိအားပေးနေကြသည်။

YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
NezařaditelnéInto your life without my permission Forced import Only when I really feel love You left You are so selfish JAY