Unicode
4 years later........
ရာသီစက်ဝန်းတွေအလီလီ ကူးပြောင်းလို့ နွေဦးရာသီကိုတောင် ရောက်လာပြန်ပြီ။
Jay သူမဆီ ပြန်မလာသေးတာလဲ
လေးနှစ်ကျော်ကြာခဲ့ပြီ။သူမ ကျောင်းပြီးလို့ ခုဆို Jayရဲ့
Companyကို ဦးစီးလုပ်ကိုင်နေပြီ။အစက ခက်ခဲပေမဲ့ ဦးလေးကျော်နိုင်ရဲ့
စနစ်တကျ သင်ပြပေးမှုတွေကြောင့်
သူမ အတော်လေးအဆင်ပြေလာတယ်ပြောရမယ်။သူငယ်ချင်းတွေနဲ့လဲ အားရင်အားသလို တွေ့ဖြစ်တယ်။
အလုပ်ကို မသွားခင်နဲ့ အလုပ်ကပြန်လာပြီးတိုင်း Jayကို သွားတွေ့တယ်။
Jayမရှိတဲ့နေ့တွေက တကယ်အထီးကျန်လိုက်တာလွန်ရောပဲ။
တစ်ခါတလေ Jayကို လွမ်းလိုက်တာ
ရူးမတတ်ပါဘဲ။အဲ့လူဆိုးမကြီးကတော့ ခုထိပြန်လာဖို့
စိတ်ကူးမရှိသေးဘူးထင်တယ်....Jayကို ထားခဲ့မိတာ နှစ်ပတ်ကျော်လေးဆိုပေမဲ့ သူကတော့ ဝတီ့ဆီပြန်မလာတာ ေလးနှစ်တောင်ကျော်ပြီ။
တကယ် အဆိုးလေး.....
ဆေးရုံကိုနေ့တိုင်းလာနေရတာ ချောင်းတောင်ပေါက်တော့မယ်။
ဆေးရုံက ဆရာဝန်တွေ သူနာပြုတွေနဲတောင် အတော်ရင်းနှီးနေပြီ။နေ့တိုင်း Jayရဲ့ကုတင်ဘေးနားထိုင်ပြီး
စကားတွေတတွတ်တွတ်ပြောဆဲပဲ။
ခြေသည်းလက်သည်းတွေ ရှည်လာရင်
စိတ်ရှည်ရှည်နဲ့ သေချာညှပ်ပေးနေတုန်းပဲ။Jayက ခုဆို ဆံပင်တွေတောင်အတော်ရှည်နေပြီ။
အရင်ကဂုတ်လောက်ရှိတဲ့ဆံပင်တွေက
ခုဆို ကျောပြင်အောက်နားလောက်ထိရှည်နေရောပဲ။အိမ်က ဒေါ်ကြီးနဲ့မိချိုကလဲ
မကြာခဏလာကြည့်တတ်သလို
Jayရဲ့ မိဘတွေနဲ့ အစ်မကျော့ရှင်းခင်ကလဲ တစ်ပတ်တစ်ခါလာကြည့်နေကျ။ခုဆို Jayရဲ့ Companyကြီးက
ရှယ်ယာရှင်တွေပိုများလာသလို
ပြည်ပနိုင်ငံတွေမှာပါ အောင်မြင်မှုရလာပြီ။Jayသာ သိရင် ယွန်းလေးကတော်လိုက်တာဆိုပြီး ချီးကျူးနေတော့မှာပဲ။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
RandomInto your life without my permission Forced import Only when I really feel love You left You are so selfish JAY