Episode-16

2.5K 178 0
                                    

Unicode

Jayနဲ့ ဝတီတို့အတူနေပြီးတဲ့ညကတည်းကစလို့ တစ်ခန်းထဲပဲနေကြတော့သည်။ အရင်လို တစ်ယောက်တစ်ခန်းခွဲမနေတော့။

အဘိုးရော အိမ်ကလူတွေကပါ
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး
အဆင်ပြေလာပုံကြောင့် ဝမ်းသာနေကြသည်။

ခုလည်း ဆယ့်နှစ်နာရီရှိနေပြီ။
ဝတီအိပ်မပျော်ဖြစ်နေတာကြောင့်
ခြံထဲက ရေကူးကန်ဆီဆင်းလာပြီး
ရေထဲခြေထောက်တွေစိမ်ကာ
ဟိုဒီ တွေးနေမိသည်။

ရာသီဥတုပူတာကြောင့်ရော
ညနက်ပြီးမှ ကော်ဖီသောက်လိုက်မိတာကြောင့်ရောပေါင်းပြီး အိပ်မပျော်ဖြစ်နေပေသည်။

Jayကတော့ အိပ်ပျော်သွားတာကြာပြီ။
နွေလယ်ညမှာ ဝတီရေဆင်းကူးချင်စိတ်တောင်ပေါက်လာသည်။

ဒါပေမဲ့လဲ ညသန်းခေါင်အချိန်ဖြစ်နေလို့သာ စိတ်ကိုထိန်းပြီး နေနေရသည်။

"ယွန်းလေး''

အနောက်ပါးဆီက ခေါ်သံကြောင့်
လှည့်ကြည့်လိုက်တော့ ခရမ်းနုရောင်
Pajamasနဲ့ သိပ်ကိုကြည့်ကောင်းနေသည့် Jay။

"ဘာလုပ်နေတာလဲ မအိပ်သေးဘူးလား။ ကိုယ်က ယွန်းလေးအိပ်သွားပြီပဲထင်နေတာ''

ပြောရင်းဆိုရင်း ဝတီဘေးနားမှာထိုင်ချပြီး Jayကပါ သူ့​ခြေထောက်တွေကို ရေထဲစိမ်နေ၏။

"အင်း...ကော်ဖီတွေသောက်လိုက်မိလို့
အိပ်မပျော်ဖြစ်နေတယ်''

"အိပ်မပျော်မှန်းသိရဲ့နဲ့ ဘာလို့သောက်တာလဲ? တော်ကြာ အိပ်ရေးမဝဖြစ်နေရင် ဘယ်လိုလုပ်မလဲ''

Jayရဲ့ ဂရုဏာဒေါသစကားကြောင့်
ဝတီတစ်ချက်ရယ်ပြီး Jayရဲ့ လက်မောင်းလေးကိုကိုင်ကာ ပုခုံးပေါ်ခေါင်းမှီလိုက်သည်။

"အဲ့တော့ဘာဖြစ်လဲ? ဝတီရဲ့မိန်းမက
သူဌေးမလေးပဲကို နေမကောင်းဖြစ်ရင်
ဟောဒီက bossက ပြုစုပေးပေါ့ နော်''

လက်မောင်းကိုကိုင်လှုပ်ရင်း ကပ်ချွဲနေသော ကောင်မလေးကြောင့် သူ့မှာ
အသည်းတယားယား။

"ချစ်တယ်''

ဝင်းပပမျက်နှာလေးကို စိုက်ကြည့်ရင်းပြောလိုက်တော့ မချိုမချဥ် မျက်နှာပေးနဲ့ မော့ကြည့်လာသည်။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now