Episode-11

2.6K 201 1
                                    

Unicode

အိပ်ရာဘေးဘက် ပြတင်းတံခါးဆီမှ
နေရောင်နွေးနွေးတို့က ဝတီ့ရဲ့ မျက်နှာထက် ဖြာကျလာသည်။

မနေ့ညက ခပ်စောစောအိပ်ထားတာကြောင့် အိပ်ရေးဝပြီး လန်းဆန်းနေသည်။

မျက်လုံးကို ဖွင့်လိုက်ချိန် မြင်လိုက်ရတာဟာ အခန်းတစ်ခုမဟုတ်ဘဲ လူတစ်ယောက်ရဲ့ ရင်ခွင်ဆိုတာကို
သိလိုက်ချိန် ဝတီမျက်လုံးပြူးသွားရသည်။

ဒါ့အပြင် သူ့လက်တွေကလည်း
ထိုသူရဲ့ခါးကို သေချာဖက်ထားတာကြောင့် ဝတီမျက်နှာတွေပါပူလာသည်။

မော့ကြည့်လိုက်တော့ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ မျက်နှာချောချော။

မိနစ်အတော်ကြာသည်အထိ သူ့မျက်နှာကို ငေးမောနေရင်း
စိတ်က မသိလိုက်ခင်မှာပဲ
သူမရဲ့ လက်တွေက Jayရဲ့
မျက်နှာကို ခပ်ဖွဖွထိတွေ့မိသွားပြီ။

ထိုအချိန်မှာပဲ Jayရဲ့ မျက်ခုံးတွေက
အနည်းငယ်တွ့န့်ချိုးလို့လာတာကြောင့်
ဝတီလက်တွေကို အမြန်ရုတ်သိမ်းပြီး
သူ့ခါးပေါ်ကလက်တွေကိုသိမ်းကာ
အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

Jayက အိပ်ရာကနေ ခပ်ဖြည်းဖြည်းထကာ သူ့ကိုတစ်ချက်ကြည့်ပြီး
အခန်းထဲမှ ထွက်သွား၏။

ထိုအခါမှ ဝတီ့မှာ အသက်ကို ရဲရဲရှူဝ့ံသည်။ တကယ်ပါပဲလေ စိတ်ရှုပ်လိုက်တာ အခု ဝတီ ဝတီက သူ့ရဲ့မျက်နှာကို
သွားထိမိလိုက်တာလား....
နင်တကယ်ရူးနေပြီ ဝတီ လုံးဝရူးနေပြီ

ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း
ကုတင်ပေါ်က ဆင်းလာလိုက်သည်။

ခြေထောက်ကတော့ တော်တော်လေးထောက်လို့ရသွားပေမဲ့ ထော့နဲ့ထော့နဲ့တော့ ဖြစ်နေသေးသည်။

မျက်နှာသစ်ရာနေရာကိုရောက်တော့
Jayက မျက်နှာကို သဘက်နဲ့သုတ်နေရင်း သူ့ကိုမြင်တော့ ပြုံးပြသည်။

ဝတီပြန်မပြုံးပြဘဲ ကြောင်တောင်တောင်သာ ငေးကြည့်နေလိုက်၏။

"ခြေထောက်က သက်သာရဲ့လား?''

"အင်း အတော်လေး သက်သာသွားပါပြီ။ ရှင့်ကို ကျေးဇူးတင်ပါတယ်''

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now