Unicode
အဖိုးရဲ့စျာပနကိုလိုက်ပို့ပြီး အပြန်မှာတော့ ဧည့်သည်တွေအတော်များများပြန်ကုန်ကြပြီ။
Jayတို့မိသားစုနှင့် ရင်းနှီးတဲ့ မိတ်ဆွေတချို့သာ အိမ်ထဲမှာ စကားပြောရင်း
ကျန်နေခဲ့ကြသည်။စျာပနလုပ်နေတဲ့အတောအတွင်းမှာ
မေသွန်းခကလဲ နေ့တိုင်းဆိုသလို
Jayဆီကိုလာပြီး တောက်တဲ့လိုကပ်နေတတ်သည်။မကောင်းတတ်လို့သာ ဘာမှမပြောဘဲနေနေရတာ။ သူတကယ်စိတ်ရှုပ်ရသည်။
အဖိုးစျာပနကြောင့် ပင်ပန်းရတဲ့ကြားထဲ သူကတစ်မှောင့်။
Jayရဲ့မိသားစုနဲ့လဲ ရင်းနှီးနေတော့
ပစ်ပစ်ခါခါပြောဖို့က မသင့်ဘူးလေ။အဲ့တော့ မေသွန်းခတို့အကြိုက်ပေါ့။
ခုရက်တွေအတွင်း ယွန်းလေးကိုလဲ
သေချာဂရုမစိုက်ဖြစ်။ယွန်းလေးကလဲ နားလည်ပေးရှာပါတယ်။ တစ်ခုစိုးရိမ်တာက
မေသွန်းခနဲ့သူ့ကို အထင်လွဲမှာကိုပဲစိုးရိမ်ရတာ။
~~~~~~~~~~~~~စျာပနရက်တွေအတွင်း ဝတီ
လူပင်ပန်းရုံမက စိတ်လည်းပင်ပန်းရသည်။ပင်ပန်းဆို ဟိုမေသွန်းခဆိုတဲ့မိန်းကလေးက Jayအနားကနေ ခွာမရအောင်ကပ်နေသည်လေ။
အရင်ကတည်းက အဖိုးကြောင့်
စိတ်မကောင်းဖြစ်နေရတဲ့အပြင်
ဟိုမိန်းကလေးနဲ့ Jayကို တွဲမြင်နေရသည်က တကယ်အဆင်မပြေ။ဒီမိန်းကလေးက Jayနဲ့ အတော်ရင်းနှီးခဲ့တဲ့ပုံပဲ။ ဒါပေမဲ့လဲ ဘယ်လိုဘယ်ပုံ
ပတ်သတ်ခဲ့လဲဆိုတာကိုတော့
သူမလဲ အတိအကျမသိပါ။နောက်တစ်ပတ်ဆို ကျောင်းကပြန်ဖွင့်တော့မည်မို့ စာအုပ်စာတမ်းနဲ့
ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေရသည်။နောက်ဆုံးနှစ်တက်ရတော့မှာဆိုတော့
ေကျာင်းပြီးသွားရင် ဘာတွေလုပ်မယ်ဆိုတာ planချရတာလဲ အမော။ဒီလိုနဲ့ တောင်တွေးမြောက်တွေးရင်း
အိပ်ပျော်သွားတော့သည်။
~~~~~~~~~~~~~အဖိုးရဲ့ ရက်လည်အလှူပြီးတာနဲ့
Jayက အရင်လိုရုံးပြန်တက်နေရပြီ။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
RandomInto your life without my permission Forced import Only when I really feel love You left You are so selfish JAY