Unicodeမျက်လုံးထဲစူးဝင်လာသော
နေရောင်ကို လက်တစ်ဖက်နဲ့ကာရင်း
ကုတင်ပေါ်ထထိုင်လိုက်သည်။နိုးနိုးလာချင်း သတိရမိသည်က
မနေ့ညက သူနဲ့ Jay စကားများခဲ့ကြခြင်း။သေချာစဥ်းစားကြည့်ရင် သူ့ဘက်ကလည်း နည်းနည်းလွန်သွားသလို ဖြစ်နေသည်။
Jayက စီးပွားရေးလောကမှာ
နာမည်တစ်လုံးနဲ့ ကျင်လည်နေတဲ့သူ။
လူအများရှေ့မှာ ခုလိုအပြောခံလိုက်ရတော့ သူဒေါသထွက်သွားတာ
လွန်တယ်မဆိုသာ။"ဟူး...စိတ်ညစ်ပါတယ်''
ရှုပ်ပွနေသော ဆံပင်တွေကြားထဲ
လက်ချောင်းတွေနဲ့ထိုးဖွရင်း
ရေချိုးခန်းဆီ ဝင်ကာ
မျက်နှာသစ် သွားတိုက်ခြင်းအမှုကို
ပြုသည်။မနက်စာစားဖို့ အောက်ထပ်ကို ဆင်းလာတော့ အဘိုးက မနက်စာတောင်
စားနေပြီ။"အဘိုးတောင် နိုးနေပြီပဲ''
Jayကို ကြည့်မရပေမဲ့ အဘိုးကိုတော့
ချစ်ပါသည်။ ငယ်ငယ်ကတည်းက
အဘိုးအဘွားတွေနဲ့အတူ မနေခဲ့ရတော့
Jayရဲ့အဘိုးကို သူမရဲ့အဘိုးလိုပဲ
သဘောထားကာ ချစ်ခင်သည်။"အဘိုးက ဒီအချိန်အမြဲနိုးနေကျပါကွယ်။ သမီးလေးက ဒီနေ့စောစောနိုးနေတာဖြစ်မှာ''
ဝတီ ထမင်းစားခန်းထဲမှာ ချိတ်ဆွဲထားသော နာရီကိုလှမ်းကြည့်လိုက်သည်။
"ဟုတ်တယ်နော်။ ခုမှ ခုနစ်နာရီခွဲပဲရှိသေးတယ်''
ထိုအချိန် မိချိုက ဝတီ့ရှေ့ မုန့်ပန်းကန်
လာချပေးတာကြောင့် တစ်ဇွန်းခပ်စားလိုက်သည်။"ဟို....ဒါနဲ့ Jay Han ရော?''
နိုးလာကတည်းက မတွေ့တာကြောင့်
မရဲတရဲနဲ့ မေးလိုက်သည်။"Jayက အရေးကြီးကိစ္စရှိလို့
မနက်အစောကြီးကတည်းက ထွက်သွားတယ်''"ဪ.....''
ဝတီရှည်ရှည်ဝေးဝေးဘာမှဆက်မပြောဘဲ မနက်စာကိုပဲ အာရုံစိုက်စားနေလိုက်၏။
"Jay Hanလို့မခေါ်ပါနဲ့ကွယ်။
Jayလို့ပဲ ခေါ်ပါ''"သိပ်ကျင့်သားမရသေးလို့ပါ အဖိုး''
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
RandomInto your life without my permission Forced import Only when I really feel love You left You are so selfish JAY