Episode-24

2.4K 163 0
                                    

Unicode

"ဟင့် ဒေါ်ကြီး မိချို Jay ...Jay ပြန်မနိုးလာတော့ရင် ဘယ်လိုလုပ်မလဲဟင်?''

အရူးတစ်ယောက်လို သူမဘေးနားရှိလူတွေကို သွေးရူးသွေးတန်း လျှောက်ပြောနေမိသည်။

"ဪ....သမီးလေးရယ် Jayကလူကောင်းလေးပါ။ သမီးလေးJay
ကို နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်မှာပါ။ စိတ်မပူနဲ့ သမီး နော်...''

ဒေါ်ကြီးက ဝတီ့ကိုနှစ်သိမ့်ရင်း သူကိုယ်တိုင်ပါ မျက်ရည်တွေကျနေသည်။

မိချိုကလဲ တအင့်အင့်နဲ့ငိုလို့်။
ဘယ်လောက်ပဲ သွေးမတော်သားမစပ်ပါစေ....နှစ်တွေအကြာကြီး အတူနေလာခဲ့တဲ့ သံယောဇဉ်က မနည်းမနောလား။

"ခုလို ကိုမာဝင်သွားတယ်ဆိုတာ
တစ်ခါတည်းသေသွားတာထက်စာရင်
ေတာ်ပါသေးတယ်ကွယ်။ အနည်းဆုံးတော့ မျက်နှာလေးမြင်ရ ကြည့်ရသေးတယ်။ ဒီလိုပဲတွေးပြီး ဖြေသိမ့်ပါကွယ်''

ဝတီကတော့ ဒေါ်ကြီးကိုဖက်ကာ
ငိုမြဲငိုဆဲ။ မိချိုကလဲ ဝတီ့ကိုဖက်ကာ
ငိုနေသည်။

ဆရာဝန်ကတော့ သူတို့ကို
စိတ်မကောင်းသလိုကြည့်ကာ
ထွက်သွားသည်။
          ~~~~~~~~~~~~~~~

Jayကတော့ ကုတင်ပေါ်မှ မလှုပ်မယှက်လှဲလျောင်းနေသည်။

ဒေါ်ကြီးနှင့်မိချိုကတော့ လိုအပ်တဲ့ပစ္စည်းပစ္စယတွေ စားစရာတွေယူဖို့အိမ်ကိုပြန်သွားကြလေသည်။

ကုတင်ရဲ့တစ်ဖက်က ဆိုဖာပေါ်မှာထိုင်ရင်း သူမJayကို ငေးကြည့်နေမိသည်။

ထိုအချိန်မှာပဲ မိန်းကလေးသုံးယောက်
အခန်းထဲကိုဝင်လာသည်။

"Jayက ဘယ်လိုဖြစ်တာလဲ?''

တစ်​ယောက်က ဝင်လာလာချင်း
ကုတင်ပေါ်ကJayကို ကြည့်ပြီးဆိုသည်။

ေနာက်တစ်ယောက်က ဆိုဖာပေါ်မှာထိုင်နေသော ဝတီ့ကိုမြင်ကာမှ

"ဪ...ကျွန်မတို့က Jayရဲ့သူငယ်ချင်းတွေပါ။ ဒီက ညီမက
Jayရဲ့ ဇနီးဆိုတာလား?''

"ဟုတ်ပါတယ်။ ကျွန်မနာမည်က ေစာယွန်းဝတီပါ''

"အင်း...Jayပြောတာကြားဖူးပေမဲ့
ခုမှမြင်ဖူးတာ။ ကျွန်မတို့လဲ သတင်းကြားကြားချင်း လာခဲ့တာပဲ။
Jayရဲ့ အ​ခြေအနေက ဘာတဲ့လဲဟင်''

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now