Episode-22

2.2K 171 1
                                    

Unicode

စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က

"လူနာက pressure တအားများနေတယ်။ ခန္ဓာကိုယ်ကလဲ အားနည်းနေတော့ ရှော့ခ်ဖြစ်သွားတာပါ''

"ဟုတ်တယ် ဒေါက်တာ မမဝတီလေ
ခုရက်တွင်းထမင်းလဲကောင်းကောင်းမစားဘူး။ အမြဲတမ်းမှိုင်တွေနေတာပဲ''

"ဒါနဲ့ Jayကိုလဲ မတွေ့ပါလား
ဘယ်တွေသွားနေတာလဲ?''

ဒေါက်တာရဲ့အမေးစကားကြောင့်
ဒေါ်ကြီးသက်ပြင်းချရင်း

"ဟုတ်တယ် ဒေါက်တာ Jayမနေ့ညကလဲ အိမ်ပြန်မလာဘူး။ ခုရက်ပိုင်း
Jayနဲ့ ဝတီတို့ကြည့်ရတာ အဆင်ပြေပုံမပေါ်ဘူး''

"အင်း လူနာကိုစိတ်ညစ်မခံခိုင်းပါနဲ့
ကျွန်တော်ဆေးသုံးရက်စာပေးခဲ့တယ်
သေချာတိုက်ပေးပါနော်''

"ဟုတ်ကဲ့ စိတ်ချပါ ဒေါက်တာ''

"ဒါဆို ကျွန်တော့ကိုခွင့်ပြုပါဦး''

"ဟုတ်ကဲ့ပါ ဒေါက်တာ။ မိချို
ဆရာ့ကိုလိုက်ပို့လိုက်''

မိချိုက ဒေါက်တာဆေးသေတ္တာကို
သယ်ပေးပြီးအခန်းထဲက ထွက်သွား၏။

ဒေါ်ကြီးလဲ ကုတင်ပေါ်က ဝတီ့ကိုငေးကြည့်ရင်း စိတ်မကောင်းဖြစ်နေမိသည်။

"သမီးဝတီရယ် ခုရက်ပိုင်း ဘယ်လောက်တောင်စိတ်ရှုပ်စရာတွေများနေလို့် မူးလဲတဲ့အထိဖြစ်ရတာလဲ''

"ဒေါ်ကြီး ဓာတ်ပုံတွေကြည့်ပြီးပြီလား?''

"ဘာပုံလဲဟဲ့?''

"ခုနက မမဝတီ အဲ့ပုံတွေကိုကြည့်ပြီး
ငိုရင်းမေ့လဲသွားတာ''

"ဟုတ်လား? ပြစမ်းပါဦး''

မိချိုလက်ထဲက ဓာတ်ပုံတွေကို
ဒေါ်ကြီးဆီကမ်းပေးလိုက်သည်။

"ဘုရား ဘုရား ဒါ... ဒါ Jayမလား?
ဘုရားရေ ဘယ်လိုပုံတွေလဲ။
ဒီမိန်းကလေးကရော ဘယ်သူလဲဟယ်''

"မိချိုလဲ ဘယ်သိပါ့မလဲ ဒေါ်ကြီးရဲ့''

"ဟော! အိမ်ရှေ့က ကားသံကြားတယ်
Jayပြန်လာပြီ ထင်တယ်''

ဒေါ်ကြီးရော မိချိုပါ အောက်ထပ်ကိုဆင်းသွားမည်အလုပ် လက်ကိုလာဆွဲသောဝတီကြောင့် ဒေါ်ကြီးက

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now