အပိုင်း(၁၈)

1.2K 175 36
                                    

မနက်နိုးတော့ ကုတင်ပေါ်ကန့်လန့်ကြီးအိပ်လျက်သားဖြစ်နေသည်။တစ်ယောက်ထဲ တစ်ခန်းနေတာမို့ လိုက်ပို့တဲ့ သူငယ်ချင်းကိုနှုတ်ဆက်ကာ ကုတင်ပေါ်လှဲချ လိုက်ပြီးမကြာmassage ဝင်သံကြားလို့ဖုန်းထုတ်ကြည့်ရာကနေ
ဟမ် ....မဟုတ်ဘူးမလား ။

ဘေးမှာ အမှောက်လိုက်ဖြစ်နေတဲ့ ဖုန်းကို အမြန်ကောက်ကြည့်တော့ power offနေပြီဖြစ်တာမို့ အမြန်ထကာ အားသွင်းကြိုးတက်တော့ မနေ့ညက အလွန်အကျွံဖြစ်သွားတဲ့ဒဏ်က ခေါင်းက်ို တဆစ်ဆစ်ကိုက်စေသည်။
နံရံပေါ်က နာရီကိုကြည့်လိုက်တော့ ၈နာရီကျော်နေပြီဖြစ်သည်။ မနက်စာမမှီတော့လို့ အပြင်မှာစားရင် အပိုကုန်
အုန်းမည်ဆိုတာထပ် ၉နာရီ သူငယ်ချင်းတွေနဲ့ ဘုရားကြီးသွားဖို့ ပြောထားသည်မို့ ရေချိူးခန်းထဲပြေးဝင်ရသေးသည်။

သွားကို နာနာဖိကိုက်နေရင်း မနေ့ညက အရှေ့သွားနှစ်ချောင်းညီညီလေးနဲ့အတူ ဘေးက သွားစွယ်ချွန်ချွန်လေးတွေကို ပြန်မြင်ယောင်လာသည်။ ပေါက်တက်ကရတွေလုပ်နေတဲ့ ကိုယ့်ပုံကို မြင်ယောင်ပြီး နားရွက်တွေ နီရဲလာအောင် ရှက်နေမိသည်။ ကြီးကောင်ကြီးမားနဲ့ ကလေးကို ဘာတွေသွားပြောနေမိတာလဲ။

-"မူးနေရင်လည်း အိပ်တော့လေ"တဲ့ ။ကြည့်စမ်း ကလေးရှေ့ ဘယ်လောက် အရိုအသေမဲ့လိုက်သလဲ။

အမြှုပ်ဖြူဖြူတွေ ထွေးထုတ်ကာ ပလုတ်ကျင်းနေရင်း
မှန်ထဲမြင်နေရတဲ့ ကိုယ့်ဘာသာကိုယ် နာနာလေးရိုက်ပစ်ချင်လိုက်သည်။ ရေပန်းအောက် ရပ်ပြီး ခပ်မြန်မြန်ဖွင့်ချလိုက်တော့ ပူကျစ်နေတဲ့ ရေတွေကြောင့် ရင်ဘတ်တွေရဲတွတ်သွားသည်။

Shit...

ခပ်တိုးတိုးတစ်ယောက်ထဲဆဲပြီး ရေကို ခပ်သွက်သွက်ချိုးလိုက်သည်။ မဟုတ်ရင် ခုနနေ အခန်းတံခါးလာခေါက်နေမည့် ဘော်ဒါတွေကြောင့် စိတ်ရှုပ်ရအုန်းမည်ဖြစ်သည်။

ရေချိုးခန်းထဲကထွက်ထွက်ချင်း အဝတ်မလဲအားသေး။
အားသွင်းထားတဲ့ ဖုန်းဆီပြေးကြည့်ရသေးသည်။ မဟုတ်ပါစေနဲ့ ဆုတောင်းနေသမျှက video chat 3mins ဆိုတာလေးက သူ့ကိုပြောင်ပြနေသယောင်။

 NYAN'SWhere stories live. Discover now