အပိုင်း(၄၃)

1.7K 125 46
                                    

" မင်းကလည်း အိမ်မှာ အိပ်ဖို့နေရာရှိပါတယ်ကွ
မဟုတ်လည်း ငါတို့ယောကျာ်းလေးတွေ ဘုရားခန်းထဲ ခင်းအိပ်လို့ရပါတယ်"

"မဟုတ်ပါဘူးကွာ ငါလည်း မန္တလေးရောက်ပြီးမှ
အမျိုးတွေအိမ်ကို မဝင်ဘူးဆို အားနာစရာကြီးလေ
မနက်ဖြန် မင်းတို့ ငါ့ကိုလေယာဉ်ကွင်းလိုက်ပို့ရတာနဲ့ လည်ရမဲ့ အချိန်က ကုန်သွားအုန်းမယ် အခုလည်း စည်သူကရောက်နေတော့ လာခေါ်ခိုင်းထားတာပါကွာ"

တကယ်တော့ သတ်မှတ်ထားတာထက် တစ်ရက်
နောက်ကျသွားတော့ ကားသမားကလည်း နောက်အော်ဒါလိုက်ဖို့ ရက်ယူထားပြီးသားဖြစ်နေပြီမလို့ ညတွင်းချင်း ရန်ကုန်ပြန်ရမည်ဖြစ်သည်။ ခွင့်ရက်ကျန်နေသေးတဲ့ လူတွေကလည်း သကြ်န်ခွင့်ရက်ရဖို့ကမသေချာလေတော့ ရောက်တုန်းရောက်ခိုက် မန္တလေးပြင်ဦးလွင် သွားချင်ကြသေးသည်တဲ့။ ခွင့်ရက်မကျန်တော့တဲ့ကိုယ်ကသာ ညဖက် အမြန်လမ်းကိုလည်း ကားသမားတို့နဲ့ချည်းပဲ လိုက်ပြန်ဖို့ကလည်း မဖြစ်နိုင်တာမို့ မနက်ဖြန် ရတဲ့လေယာဉ်ချိန်နဲ့ ပြန်ဖို့တွေးထားပေမယ့် ဉာဏ့်ဆီကဖုန်းဝင်လာတော့ အိမ်ထဲတောင် ဝင်မနားနိုင်ပဲ အိမ်ရှေ့မှာပဲ ထိုင်စောင့်ချင်တော့တဲ့အထိ။

ကိုယ်အပြင်မှာပဲ စောင့်မည်ဆိုတော့ ဘယ်သူ့မှလည်း မပြန်ကြသေးပဲ အိမ်ရှေ့မှာပဲ ၁၃ယောက်လုံး အုတ်ခုံပေါ်ထိုင်တဲ့သူကထိုင် မတ်တပ်ရပ်ရင်း အကြောဆန့်တဲ့သူကဆန့်နဲ့ ရှိနေကြသေးသည်။ မန္တလေးမှာပဲနေတဲ့သူတွေလည်း မပြန်ကြသေးပဲ လုပ်အားပေးခရီးက အဖြစ်အပျက်တွေက ပြောမကုန်နိုင်ကြသေးပေ။သူငယ်ချင်းတွေ ဒီလိုတစုတစည်းတည်းပြန်တွေ့ကြတော့လည်း ကျောင်းတုန်းက အချိန်တွေပြန်ရောက်သွားသလိုပါပဲ။

လမ်းထဲကို ကွေ့ဝင်လာတဲ့ စည်သူ့ရဲ့ကား Land Roverခေါင်း အမဲတုံးကြီးကို မြင်တော့ ထိုင်နေရာကနေ ချက်ချင်းထရပ်မိသည်အထိ။ ကားရပ်သွားတာနဲ့ မောင်းသူရဲ့တဖက်ကနေ တံခါးဖွင့်ကာ ဆင်းလာသည့်သူက ထင်သည့်အတိုင်း ကိုယ့်ရဲ့ ဉာဏ်ပါပဲ။

အရင်တခေါက်ပြန်လာတုန်းက ဖြူဝင်းစိမ်းသန့်နေသူက အခုတခေါက်တော့ နေဒဏ်လေဒဏ်တော်တော်ခံထားရပုံပေါ်ပြီး မိုးထိတော့မည့် အရပ်က အခုထိများ ဉာဏ်ဟာ
ကြီးထွားနှုန်းမရပ်တန့်သေးတာများလားလို့တွေးမိသည်အထိ ။ video callပြောရင်တခါတလေ အပေါ်ပိုင်းဗလာနေတတ်တာမို့ မြင်ဖူးနေကျ ရင်အုပ်နဲ့ ပုခုံးတွေကလည်း ရေကူးရတာ ကြိုက်တဲ့ ဉာဏ်ကြောင့်ကျယ်ပြန့်နေတတ်ပြီး အရပ် ရှည်ရုံသာမက လူကောင်ကြီးကပါ ထွားလာသည်။

You've reached the end of published parts.

⏰ Last updated: Feb 13, 2023 ⏰

Add this story to your Library to get notified about new parts!

 NYAN'SWhere stories live. Discover now