ရန်ကုန်ကိုရောက်တဲ့အချိန်က ည၇နာရီထိုးခါနီးနေပြီမို့
မှောင်နေပြီဖြစ်သည်။ လဝကဖြတ်ပြီးတာနဲ့ အသင့်စောင့်နေတဲ့ တီငယ်လေးက မေမေ့လက်ထဲက အိတ်တွေကို
လာဆွဲကူသည်။ အလုအယက်မေးနေသော taxiသမားများကြား ဖြတ်လျှောက်ပြီးတာနဲ့ တီငယ်လေးရဲ့ ကားဆီကို ရောက်ပြီဖြစ်သည်။ရန်ကုန်မြို့ရဲ့ ညဦးပိုင်းမြင်ကွင်းက စည်ကားနေတုန်းပင်။
ပြတင်းပေါက်မှန်ချထား၍ တိုးဝင်းလာတဲ့ လေအေးအေးကို ခံစားရင်း သူ့အားသတိရမိပြန်သည်။ အခုချိန် အိမ်မှာလား ဘာလုပ်နေလောက်မလဲ။မနေ့က adidas မှာ Capဦးထုပ်ဝယ်တော့ ပုံစံတူကိုမှ
ခဲရောင်တစ်လုံး အမဲရောင်တစ်လုံးယူတော့ နှစ်ရောင်လုံး သဘောကျလို့ဆိုပြီး လိမ်ခဲ့တယ်။
မေမေက တခြားပုံစံနဲ့ယူပါလားလို့ မေးတော့
ခေါင်းမာစွာ ငြင်းရသေးသည်။ Capဦးထုပ်တွေကို
အရမ်းသဘောကျပြီး အိမ်မှာ ဘီရိုသက်သက်နဲ့တောင်
ထည့်ပြီး စုတတ်တဲ့ သူ့အကျင့်ကို မေမေကသိလို့
ဘာမှတော့ ထပ်မပြော။ ကျွန်တော်ရည်ရွယ်ခဲ့တဲ့
ခဲရောင်လေးကို ခင်များသဘောကျပါ့မလား။" ကိုကြီးတို့မနက် လေယာဉ်က မန်းရတနာပုံပဲဝယ်ထားလိုက်တယ် ၁၀နာရီက ဒီလိုင်းပဲရှိလို့"
" ဟုတ်ပြီ ဟုတ်ပြီ
ဉာဏ်ထက် လိုက်မပြန်ဘူးဆိုတာ သေချာလား
ဟိုတလောတုန်းကတော့ ပြန်ချင်တယ်လို့ ဖုန်းဆက်နေပြီး"" ဟာ ဖေဖေကလည်း သင်တန်းက ကျန်သေးတယ် ပြီးမှပြန်လာမယ်"
" အေး မင်းပြီးမှ အမျိုးမျိုးမလုပ်နဲ့"
ဖေဖေက သူ့အရင်တပတ်က နေမကောင်းတုန်းက
မေမေ့ကို ပြန်ချင်တယ်လို့ ဖုန်းထဲမှာပြောတာကို
ကြားပြီး အစဖော်လို့မပြီးတော့။"ကိုကလည်း တော်ပါတော့ သားငယ်နဲ့ စကားနိုင်ကို
လုတယ်"မေမေဝင်ဟန့်မှပဲ သားအဖနှစ်ယောက်ကြား တိတ်သွားတော့သည်။ ဖေဖေနဲ့က ဆက်ဆံရေးမကောင်းတာမျိုးတော့ မဟုတ်ပေမယ့် မျက်နာချင်းဆိုင်တာနဲ့
ဘုနဲ့ဘောက်တာမျိုး။