အပိုင်း(၁၉)

1.3K 177 43
                                    

Silent လုပ်ထားတာကြောင့် လင်းလာတဲ့မျက်နာပြင်ကို ဘေးက ကားမောင်းနေတဲ့ သူငယ်ချင်းဖြစ်သူက တစ်ချက်လှည့်ကြည့်ပြီး ရယ်တယ်။ မနက်စာစားပြီးထွက်တယ်ဆိုပေမယ့် ၁၀နာရီကျော်လောက်မှ ထွက်ဖြစ်ကြသည်။ ဖုန်းလိုင်းက မိတစ်ချက်မမိတစ်ချက်မို့ ဖုန်းမဆက်ပဲ massage သာပို့နေတဲ့
ဉာဏ်ဟာ မန္တလေးမှထွက်လာကတည်းက အခုထိ နာရီဝက်ခြားတစ်ခါကို ပို့နေသည်။

" ရှေ့မှာ rest area ရောက်ပြီ ခနနားပြီး
တစ်ခုခုစားရအောင်
ဖုန်းပြန်ဆက်ပေးလိုက်အုန်း ငါ့ကောင်ရ"

ဖုန်းကို မေးငေါ့ပြကာ စနောက်ပြီး ဘုမသိဘမသိပြောနေတဲ့ သူငယ်ချင်းဖြစ်သူကြောင့်
သာကီ ရယ်ချင်သွားသည်။ အခုလက်ရှိ တွဲနေတဲ့ချစ်သူရည်းစားလည်းမရှိတော့ ယုန်ထင်ကြောင်ထင်နဲ့ ဇွတ်ပြောနေတာ။ ဟိုကောင်လေးကလည်း တကယ်မထင်ထားလောက်အောင်ကို မန္တလေးက စထွက်ပြီဆိုတဲ့အကြောင်း
ဖုန်းဆက်ပြီးကတည်းက ပို့လိုက်တဲ့ စာတွေ။

- ကားကို သတ်မှတ်ကီလိုထက် ပိုမမောင်းနဲ့

- ကားမောင်းတဲ့သူကို မအိပ်ငိုက်စေနဲ့

- လမ်းမှာနားရင် ဖုန်းဆက် စသည်ဖြင့် မျိုးစုံသော
အကြောင်းအရာတွေဖြင့် သတိပေးစာများ ပို့နေလေသည်။

ကားရပ်ပြီးတာနဲ့ သူငယ်ချင်းက ဆိုင်ထဲ အရင်ဝင်မည်ဖြစ်ကြောင်း လက်ပြသွားသဖြင့် ခေါင်းငြိမ့်ကာ လိုက်လာမည့်အကြောင်းပြောလိုက်သည်။

ဖုန်းဝင်သွားတာနဲ့ ချက်ချင်းကိုင်သည့် ဉာဏ်က ဖုန်းကလွဲရင် တခြားအရာတွေကို အာရုံလွဲဖို့မရှိသည်အထိ အချိန်တွေပိုနေသည်ထင်။

" ဘယ်ရောက်ပြီလဲ"

" ၁၁၅မိုင်မှာ ခနနားရင်း လက်ဖက်ရည်သောက်မလို့ "

" အင်း "

"ဉာဏ် "

"ဗျာ"

ကြည့် ။ ဆူပစ်လိုက်ဖို့ သူ့နာမည်ကို ခပ်မာမာအသံနဲ့ ခေါ်ပစ်လိုက်ပေမယ့် ပြန်ကြားရတဲ့ အသံကြည်ရှင်းရှင်းကြောင့်
ဘာဆက်ပြောလို့ပြောရမှန်းမသိတော့ချေ။ စိတ်တွေလည်းလျော့ ၊ ဆူချင်စိတ်လည်း ပျောက်ကာ သက်ပြင်းအသာချရင်း

 NYAN'SМесто, где живут истории. Откройте их для себя